အမေရိကန်နဲ့ ဗြိတိန်ဓားစာခံများကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဂျီဟာဒီ ဂျွန်ဆိုသူ ဗြိတိသျှ နိုင်ငံသား IS အစွန်း ရောက် အကြမ်းဖက်သမားကို အမေရိကန်လေကြောင်း တိုက်ခိုက်မှုမှာ သုတ်သင်လိုက်နိုင်ပြီး သူသေဆုံးတာ ဟာ သေချာသွားပြိဖြစ်တယ်လို့ ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဆီးရီးယားနိုင်ငံ Raqqa ပြည်နယ်က IS စခန်းတွေကို အမေရိကန်မောင်းသူမဲ့လေယာဉ်တွေက တိုက် ခိုက်ရာမှာ ၂၇နှစ်အရွယ်ရှိ ကူဝိတ်အနွယ်ဖွား ဗြိတိသျှ နိုင်ငံသား မိုဟာမက် အမ်ဝါဇီ ခေါ် ဂျီဟဒီဂျွန် သေဆုံးတာဖြစ် ပါတယ်။
ပင်တာဂွန် ပြောခွင့်ရ ပီတာကွတ်ခ်က “သူကို သုတ်သင်လိုက်တယ်ဆိုတာ ၉၉ ရာခိုင်နှုန်း ကြိမ်းသေပါတယ်” လို့ ဆိုပါတယ်။
တကယ်လို့ ဂျီဟဒီ ဂျွန်သေတာသာ သေချာရင် IS အပေါ် အမေရိကန်တို့ ပြုလုပ်နေတဲ့ စစ်ဆင်ရေးရဲ့အရေး ပါတဲ့ မှတ်တိုင် တခုပဲလို့ မှတ်ချက်ပြုဆိုလိုက်ပြီး မနေ့ညက ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ အစွန်းရောက်တွေကို ဘယ်လောက်သုတ်သင်နိုင် တယ်ဆိုတာကို တွက်ချက်နေတယ်လို့ ဆိုပါတယ်။
ကူဝိတ်အနွယ်ဖွား ဗြိတိသျှနိုင်ငံသား ဂျီဟဒီ ဂျွန်ဟာ ကွန်ပျူတာ ပရိုဂရမ် နှင့် ဘွဲ့ရခဲ့သူဖြစ်ပြီး သူဟာ အမေရိကန်နိုင်ငံသား သတင်းသမားတွေဖြစ်တဲ့ ဂျိန်းဖိုလေးနဲ့ စတီဗင် ဆော့လောဖ်၊ အကူအညီပေးရေး လုပ်သား ပီတာကက်ဆစ်၊ ဗြိတိသျှလူမျိုး အကူအညီပေးရေးလုပ်သား ဒေးဗစ် ဟိန်းစ်နှင့် အလန် ဟန်နင်း၊ ဂျပန် သတင်းသမား ကန်ဂျိ ဂိုတို နဲ့ တခြားသော ဓားစာခံတွေကို သတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။