သတင်းတို

ရွေးကောက်ပွဲကို သံသယကင်းကင်း မှန်ကန်စွာဆောင်ရွက်ခဲ့ကြောင်း ကာချူပ်ပြော

This article has been converted from Zawgyi One to Unicode

ရွေးကောက်ပွဲကို သံသယကင်းကင်း မှန်ကန်စွာဆောင်ရွက်ခဲ့ကြောင်း ကာချူပ်ပြောတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်နှင့် ယနေ့နံနက် တွေ့ဆုံရာ ရွေးကောက်ပွဲ ကို စတင်ဆောင်ရွက်ချိန်မှ ရွေးကောက်ပွဲကာလအထိ မိမိတို့အနေဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့ပြီး သံသယကင်းပါကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုသည်ဟု ဗိုလ်ချုပ်မှူးကြီး၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ရွေးကောက်ပွဲ အောင်မြင်ရန်မှာ တပ်မတော်၏ဆန္ဒပင်ဖြစ်ပြီး၊ ရွေးကောက်ပွဲမတိုင်မီက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များအပေါ် ပြည်တွင်းပြည်ပမှ သံသယရှိကောင်းရှိနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့် ၎င်းတို့တာဝန်ယူ လုပ်ဆောင်ခဲ့သည့် သက်တမ်းတွင် တိုးတက်အောင်မြင်မှုကိုပြသရန် တာဝန်ရှိပြီး တပ်မတော် အနေဖြင့်လည်း ပြည်သူကိုကာကွယ်စောင့်ရှောက်မှု၊ ပြည်သူ့အကျိုးစီးပွား ဖော်ဆောင်မှုနှင့်တိုင်းပြည်၏လုံခြုံမှုဆောင် ရွက်ချက်များကို ဖော်ထုတ်ပြသရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် လုပ်ဆောင်ချက်များဖြင့် သက်သေပြရကြောင်း၊ လုပ်ဆောင်ချက်မှားယွင်းပါက မည်သို့မျှလက်ခံမည်မဟုတ်ကြောင်း ပြောဆိုသည်ဟု ဖော်ပြထားသည်။

အထွေထွေရွေးကောက်ပွဲလွတ်လပ်မျှတစွာဖြင့် အောင်မြင်စွာကျင်းပနိုင်မှု၊ ပြည်တွင်း၊ပြည်ပစောင့်ကြည့်လေ့လာနိုင်မှု အခြေအနေများ၊ ဆန္ဒမဲရလဒ်အတည်ပြုထုတ်ပြန်နိုင်မည့်အခြေအနေများ၊ ဆန္ဒမဲရလဒ်အား အတည်ပြုပြီး နောက်ပိုင်း ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ လက်ရှိအစိုးရလက်

ထက် ပြုပြင် ပြောင်းလဲရေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မှုနှင့်ဆက်လက်လုပ်ဆောင်ရန်များ၊ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေး အခြေအနေ၊ အမေရိကန် ပြည်ထောင်စုနှင့်လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးရလဒ် ထွက်ပေါ်လာနိုင်မှုတို့အားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Loading