သတင်းတို

ပါရီအကြမ်းဖက်မှု နောက်ကွယ် IS အဖွဲ့ရှိဟု ပြင်သစ်သမ္မတပြော

This article has been converted from Zawgyi One to Unicode

IS“ ပြင်သစ်နိုင်ငံက သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေမယ်ဆိုရင် သူတို့ အနေနဲ့ ပြင်သစ်နိုင်ငံမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်သွားမယ်ဆိုတဲ့” နေ့စွဲမပါ ဗီဒီယိုကို အကြမ်းဖက်အုပ်စု တစုက ယနေ့ထုတ်လွှင့်လိုက်ပြီးတဲ့နောက်မှာ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လွန်းက ပါရီအကြမ်းဖက် တိုက်ခိုက်မှု နောက်ကွယ်မှာ  IS  အဖွဲ့ရှိတယ်လို့ ဆိုလိုက်ပါတယ်။

ကနဦးရရှိတဲ့ သတင်းများအရ  ပြီးခဲ့တဲ့ သောကြာနေ့ ညနေ တိုက်ခိုက်မှုမှာ အနည်းဆုံး ၁၂၉ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရှိသွားတယ်လို့  Al Arabiya  သတင်းဌာနက ထုတ်လွှင်သွားပါတယ်။

ဒီအတောတွင်း ဂျာမန်ရဲတပ်ဖွဲ့က မွန်တီနီဂရိုနိုင်ငံမှ သေနတ်တွေ၊ ကျည်ဆန်တွေနဲ့ TNT ယမ်းများသယ် ဆောင်လာတဲ့သူ တဦးကို ဂျာမနီတောင်ပိုင်းမှာ ဖမ်းဆီးလိုက်ပြီး သောကြာနေ့ည ပါရီအကြမ်းဖက်မှုနှင့် စုံစမ်း နေပါတယ်။

Loading