သတင်းတို

ဒေါ်အောင်ဆန်းစုကြည်ကို တိဗက်ဘုန်းတော်ကြီး ဒလိုင်းလာမား ချီးကျူးစကားဆို

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်ကို တိဗက်ဘုန်းတော်ကြီး ဒလိုင်းလာမား ချီးကျူးစကားဆိုမြန်မာ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီရဲ့ ထူးခြားပြောင်မြောက်စွာ အနိုင် ရခြင်း အပေါ် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ချီုးကျုးပြောဆိုလိုက်ပါတယ်။

“ဒါဟာ ပြည်သူရဲ့ ယုံကြည်မှု ရောင်ပြန်ဟပ်တာပါပဲ၊ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို ဖြည့် ဆည်းဖို့၊ မင်းလုပ်နိုင်မယ်လို့”လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ဆိုပါတယ်။

ဒါအပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာပြည်ရဲ့ သမိုင်းဝင်မှတ်တိုင်တခုဖြစ်ပြီး၊ မြန်မာပြည် ဒီမိုကရေစီ ပွင်လန်းဖို့ တကမ္ဘာလုံးက ကြီးမားတဲ့ စိတ်စေတနာနဲ့ ထောက်ကူပေးမှုတွေ ရှိနေသလို ပါတီတွေအနေနဲ့လည်း ဒီလိုအခွင့်အရေးကို သုံးပြီး  ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်မယ်လို့ သူယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်က မွတ်ဆလင်တို့ရဲ့အခြေအနေအပါအဝင်  မြန်မာပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတချို့အကြောင်း ဆွေးနွေးသတိပေးဖူးတယ်လို့ ဖော်ပြပြီး၊ ဗုဒ္ဓရဲ့ နောက်လိုက် တဦးအနေနဲ့ လူတွေအကြားမှာ ဘာသာရေးဆက်နွယ်မှုတွေ တည်ဆောက်ဖို့လိုတယ်ဆိုတာကို သတိပေးပါရစေလို့လည်း ရေးသားထားပါတယ်။

Loading