သတင်းတို
လက်လုပ်ဗုံးကြောင့် ရုရှားလေယာဉ်ပေါက်ကွဲဟု လုံခြုံရေး အကြီးအကဲဆို
This article has been converted from Zawgyi One to Unicode
ရုရှား ခရီးသည်တင်လေယာဉ်ကို TNT ယမ်းအား ၁ကီလိုဂရမ် ရှိ လက်လုပ်ဗုံးကို အသုံးပြုပြီး ဖောက်ခွဲခဲ့ ခြင်းဖြစ်ကြောင်း ရုရှား လုံခြုံရေးတပ်ဖွဲ့(FSB) အကြီးအကဲ အလက်ဇန္ဒား ဘိုနီကော့ဗ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ အီဂျစ်နိုင်ငံ ဆိုင်းနိုင်ကျွန်းဆွယ်ပေါ်မှာ ပျက်ကျခဲ့တဲ့ ရှရမ် အယ်ရှိတ် အပန်းဖြေစခန်းမှ စိန့်ပီတာဘတ်မြို့ကို ပျံသန်းတဲ့ လေယာဉ်ဟာ ပျက်ကျသွားတဲ့အတွက် လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့ပါတယ်။
ရုရှားအထူးတပ်ဖွဲ့ကလည်း ဒီဖြစ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်လို့ ကောက်ချက်ချကြောင်း ရုရှားဖက်ဒရေးရှင်း လုံခြုံရေး တပ်ဖွဲ့ အကြီး အကဲ အလက်ဇန္ဒား ဘိုနီကော့ဗ်က ရုရှားသမ္မတ ပူတင်ပါဝင်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။