ပြင်သစ်စုံစမ်းရေးသမားများ၌ အကြမ်းဖက်သမားများနဲ့ ပတ်သက်တဲ့ သတင်းအပြည့်အစုံမရှိ
This article has been converted from Zawgyi One to Unicode
ပါရီအကြမ်းဖက်မှုတွင် ပါဝင်သူများရဲ့ သတင်း အချက်အလက်များနှင့် ပတ်သက်၍ ပြင်သစ်စုံစမ်းရေး သမားများထံမှာ ပြည့်ပြည့်စုံစုံ တိတိကျကျ မရှိကြောင်း ဝန်ကြီးချုပ် Manuel Valls ကပြောလိုက်ပါတယ်။
“လတ်တလော အခြေအနေမှာတော့ ဒီလို ထိပ်လန့်တုန်လှုပ်တဲ့ ဖြစ်ရပ်ကို ဘယ်သူတွေသယ်လာတယ်ဆို မသိဘူး၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့လား မသိဘူး၊ ဒါပေမယ့် ပြင်သစ်နဲ့ ဘယ်လ်ဂျီယံမှာ အကြမ်းဖက်သမား တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေရှိနိုင်ပါတယ်” လို့ ပြင်သစ် ဝန်ကြီးချုပ်က Inter radio ကို ပြောလိုက်ပါတယ်။
အခုအချိန်အထိတော့ ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်သမားတွေ ဝင်ရောက်ခိုအောင်းနိုင်တဲ့ နေရာတွေ၊ ပါဝင်ပတ် သက်သူတွေလို့ သံသယရှိသူတွေရဲ့ နေရာတွေကို ဝင်ရောက်စီးနင်းမှုတွေ အကြီးအကျယ် ပြုလုပ်နေပါတယ်။
CNN သတင်းမှာတော့ အကြမ်းဖက်သမား ၇ ဦးမှာ ၄ဦးရဲ့ကိုတော့ အမေရိကန်အာဏာပိုင်တွေက ဖော်ထုတ်နိုင်ပြီဆိုကာ ဓာတ်ပုံတွေ နဲ့ တင်ထားပါတယ်။
အမေရိကန်အာဏာပိုင်တွေအနေနဲ့ စောင့်ကြည့်စာရင်း၊ အီရတ်နဲ့ ဆီးရီးယားကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ၊ E mail တွေ၊ တခြား ဆက်သွယ်မှုတွေ၊ တဦးချင်းထောက်လှမ်းရရှိတဲ့ အချက်တွေကို ပူးပေါင်းပြီးတော့ ခြေရာခံတင်ပြထားခြင်းဖြစ်ပါတယ်။