သတင်းတို

ရုရှား ရေတပ် ပြင်သစ်နဲ့ ပူးပေါင်းကာ IS ကိုတိုက်ဖို့ သမ္မတ ပူတင် အမိန့်ပေး

This article has been converted from Zawgyi One to Unicode

ရုရှား ရေတပ် ပြင်သစ်နဲ့ ပူးပေါင်းကာ IS ကိုတိုက်ဖို့ သမ္မတ ပူတင် အမိန့်ပေးမြေထဲပင်လယ်မှာ ရောက်ရှိနေတဲ့ ရုရှား ခရူဇာ စစ်သင်္ဘော Moskva  အနေနဲ့  ပြင်သစ်ရေတပ်အုပ်စုနဲ့ ပူးပေါင်းကာ အစ္စလာမစ် အစွန်းရောက် IS အဖွဲ့ကို တိုက်ခိုက်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမိန့် ပေးလိုက်ပါတယ်။

“ပြင်သစ်လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ ရေတပ်အုပ်စုဟာ မြေထဲပင်လယ်ထဲကို မကြာခင်ရောက်ရှိ လာမယ်၊ ပြင်သစ်ရေတပ်အုပ်စုနဲ့ ဆက်သွယ်ဖို့လိုအပ်တယ်၊ မဟာမိတ်တွေလိုသဘောထားပြီး အလုပ်လုပ်ရမယ်” လို့ သမ္မတပူတင်က ရုရှားရေတပ်အကြီးအကဲနဲ့ ကာကွယ်ရေး ဝန်ကြီးကို  ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ရုရှားသမ္မတဟာ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လွန်းတို့ ဖုံးနဲ့ အပြန်အလှန်စကားပြောပြီးနောက်  စစ်ရေးနဲ့ ထောက်လှမ်းရေး ကဏ္ဍတွေမှာ အပြင်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ဒါအပြင် လာမည့် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းဟာ မော်စကိုမြို့သို့ လာရောက်ဖို့လည်း သဘောတူလိုက်ပြီး အကြမ်းဖက်ဝါဒကို တိုက်ခိုက်ဖို့ တခြားသင့်တော်အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ ကရင်မလင် ကဆိုပါတယ်။

အင်္ဂါနေ့ စောစောပိုင်းကတော့ ဆီးရီးယားက IS တွေကို ရုရှားက လေယာဉ်တွေက ခရုစ်ဒုံးကျည် ၃၄ ခုနဲ့ ပစ်ခတ် တိုက်ခိုက်ရာ အရေးကြီးတဲ့ IS  ပစ်မှတ်တွေဖြစ်တဲ့ အမိန့်ပေးဌာနချုပ်၊ ထောက်ပံရေးဌာနတွေ ဖျက်စီးနိုင်ခဲ့ တယ်လို့ ရုရှားကာကွယ်ရေး ဦးစီးချုပ် ဗယ်လာရီ ဂီရာစီမော့ဗ်က ပြောဆိုလိုက်ပါတယ်။

နောက်ထပ်လည်း ရုရှားလေတပ်ဟာ ဆူခွိုင်းအမျိုးအစား  Su- 34 ဗုံးကြဲလေယာဉ် ၈ စီး၊ Su – 27 အမျိုးအစားတိုက် လေယာဉ် ၄စီးအပါအဝင် တခြားသော တိုက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ် ၃၇ စီးနဲ့ အင်အားဖြည့်တင်းကာ တိုက်ခိုက်သွားမယ်လို့ လည်း သူကပြောပါတယ်။

Loading