သတင်းတို

ကိုးကန့်တွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်း

This article has been converted from Zawgyi One to Unicode

logoရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာထားမှု ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ကိုးကန့်တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ စ၍ အရေးပေါ် အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေးကို တတိယအကြိမ်အထိ သက်တမ်းတိုးကြေညာခဲ့ပြီး ယမန်နေ့က စတင်၍ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

Loading