ပါရီမြောက်ပိုင်း ပစ်ခတ်မှုဖြစ်ပွား၊ အကြမ်းဖက်သမားဟု ယူဆရသူ ၃ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
ပြင်သစ်ရဲတပ်ဖွဲ့က ပါရီမြောက်ပိုင်းရှိ အကြမ်းဖက်သမားများ ပုန်းအောင်းနိုင် သော နေရာများကို ဝင်ရောက်စီးနင်းရာ အကြမ်းဖက်သမားလို့ ယူဆရသည့် ၃ဦးကို ရဲက ပစ်သတ် လိုက်ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။
ပါရီမြို့မြောက်ပိုင်း Suburb Saint Denis အရပ်က စီးနင်းမှုမှာ ရဲ တပ်ဖွဲ့ဝင် ၄ဦးနဲ့ မသင်္ကာသူ ၂ဦးလည်း ဒဏ်ရာရသွားကာ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။
ဒေသခံတွေကတော့ မသင်္ကာဖွယ်နေရာ ၂နေရာကို ရဲတွေ ဝင်ရောက်စီးနင်းရာ လက်ပစ်ဗုံးပေါက် ကွဲသံတွေကိုကြားရတယ်လို့ ဆိုပါတယ်။
၃နာရီကြာတဲ့ ဝင်ရောက်စီးနင်းမှုကို ပြင်သစ်ရဲတပ်ဖွဲ့ဝင် ၅၀ လောက် ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ပါရီအကြမ်းဖက်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ယူဆရတဲ့ Abdelhamid Abaaoud နဲ့ ဆာလာ အက်ဒီဆလမ်နဲ့ တခြားသော ၉ ဦးတို့ကို ပစ်မှတ်ထားတာဖြစ်ပါတယ်။