သတင်းတို

အချိုရည်ဗူးကို သုံးကာ ရုရှားလေယာဉ်ကို ဖောက်ခွဲခဲ့ဟု IS ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

Bombရုရှားခရီးသည်တင်လေယာဉ် Airbus A- 321 ကို Schweppes Gold အမျိုးအစား အချိုရည်ဗူး ကို ဗုံးအဖြစ် ပြုလုပ်ပြီး ဖောက် ခွဲခဲ့ခြင်း ဖြစ်ကြောင်း IS အဖွဲ့က ဓာတ်ပုံနှင့် ဖော်ပြလိုက်သည်။

IS အဖွဲ့မှ ထုတ်လုပ်သည့် အွန်လိုင်း မဂ္ဂဇင်းတွင် ဖော်ပြထားသည့် အဆိုပါ ဓာတ်ပုံတွင် အချိုရည်ဗူး နှင့် စနက် တံတို့ကို ပြသထားပြီး အဆိုပါ ဗုံးကို ရုရှားလေယာဉ်တွင် တင်ဆောင်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၊ အီဂျစ် နိုင်ငံ ရှရမ် အယ် ရှိတ် လေဆိပ် လုံခြုံရေးစနစ်  ဟာကွက်ကို ရှာဖွေကာ အဆိုပါ ဗုံးကို ထည့်သွင်းခြင်း ဖြစ်သည်ဟု Reuters နှင့် AP သတင်းတို့တွင်ဖော်ပြထားသည်၊ အဆိုပါ ဓာတ်ပုံနှင့် ပတ်သက်၍ ရုရှားတွင် ပိတ်ပင်ထား သည်။

အဆိုပါ နေ့စွဲမပါသည့် ဓာတ်ပုံကို IS အဖွဲ့မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Dabiq အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

အကြမ်းဖက်သမားများက ၎င်းတို့အနေဖြင့် အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှ အနောက်နိုင်ငံများသို့ ပျံသန်း မည့် လေယာဉ်တစီးကို ဖောက်ခွဲပစ်ရန် ရည်ရွယ်သော်လည်း  ရုရှားက ဆီးရီးယားရှိ IS အဖွဲ့ကို လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အတွက် အစီအစဉ်ပြောင်းလိုက်ကြောင်း ဆိုသည်။

ရုရှား လုံခြုံရေး ဌာန (FSS)ကလည်း အောက်တိုဘာ ၃၁ လေယာဉ်ပျက်ကျသည့် ဖြစ်ရပ်မှာ အကြမ်းဖက်သမား တို့၏ ဖောက်ခွဲမှုကြောင့်ဟု ပြောခဲ့သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုမှာ ရုရှားနှင့် ဆိုဗီယက် လေကြောင်းသမိုင်းတွင် အဆိုးဆုံးဖြစ်ရပ်ဖြစ်ပြီး ၂၂၄ ဦးသေဆုံးခဲ့သည်။

Loading