သတင်းတို

ရုရှားလုပ် ဆူခွိုင်း Su 35 တိုက်လေယာဉ်တွေ တရုတ်ဝယ်မယ်

This article has been converted from Zawgyi One to Unicode

Su-35တရုတ်လေတပ်က အမေရိကန် ဒေါ်လာ ၂ ဘီလျံ တန်ဘိုးရှိ ရုရှားလုပ် ဆူခွိုင်းအမျိုးအစား Su- 35 တိုက်လေယာဉ် ၂၄စီး ဝယ်ယူရန် စာချုပ်ခဲ့ကြောင်း ရုရှား နည်းပညာကော်ပိုရေးရှင်း အကြီးအကဲ ဆာဂျီ ချီမီဇောဗ်က ကြေညာလိုက်ပါတယ်။

“တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ညှိနှိုင်းဆွေးနွေးမှုအရ ကျနော်တို့ စာချုပ်လက်မှတ်ထိုးပြီးပါပြီ” လို့ ဆာဂျီ ချီမီဇော့ဗ်ရဲ့ ပြောဆိုချက်ကို ရုရှား Kommersant daily သတင်းမှာဖော်ပြထားပါတယ်။

နေတိုးအခေါ်အရ Flanker – E  လို့ခေါ်တဲ့ ဆူခွိုင်း Su -35  တိုက်လေယာဉ်တွေဟာ Su- 27 အမျိုးအစား ဘက်စုံသုံး တိုက်လေယာဉ်ကို ပြန်လည်အဆင့်မြင်ထား တဲ့ လေယာဉ်တွေဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ ဘရာဇီးနဲ့ UAE စတဲ့နိုင်ငံတွေကလည်း အဲဒီ Su- 35 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ စိတ်ဝင်စား နေပြီး မနေ့ကတော့ ရုရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးလာရောက်ကာ ဝယ်ယူဖို့ ဆွေးနွေးတယ်လို့ သိရပါတယ်။

Loading