ခွေးမလေး ဒီဇယ်ကို Animal Victoria Cross ချီးမြှင့်မှာလား
This article has been converted from Zawgyi One to Unicode
ပါရီမြို့ မြောက်ဘက် စိန့်ဒင်းနစ် အရပ်က အကြမ်းဖက်သမားများနေထိုင်ရာ တိုက်ခန်းကို ပြင်သစ်ရဲ တပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် သေဆုံးခဲ့ရတဲ့ “ဒီဇယ်” လို့ အမည်ရတဲ့ ခွေးမလေးကို “Animal Victoria Cross” သူရဲကောင်းဆုတံဆိပ် ချီးမြှင့်မယ်လို့ အင်္ဂလန်အခြေစိုက် Daily Express သတင်စာမှာ ရေးသားထားပါတယ်။
ပါရီအကြမ်းဖက်မှုရဲ့ ကြိုးကိုင်သူ Abdelhamid Abaaoud ရှိနေတဲ့ ယူဆရတဲ့ တိုက်ခန်းကို မနေ့က ပြင်သစ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ အမျိုးသမီးတဦးက လက်နက်မချပဲ အသေခံ ဗုံးခွဲလိုက်တဲ့အတွက် ရှေ့တန်းက နေ အနံခံပေးနေတဲ့ အသက် ၇နှစ်ရှိတဲ့ မာလင်နိုစ်(Belgian Shepherd) အမျိုးအစား သူရဲကောင်း ခွေးမလေး သေဆုံးခဲ့တာပါ။
ရဲရင့်တဲ့ ဒီဇယ် သေဆုံးပြီလို့ ပြင်သစ်ရဲတပ်ဖွဲ့က Tweet စာမျက်နှာမှာ ရေးသားလိုက်တဲ့အခါမှာ တကမ္ဘာလုံးမှာ ရှိတဲ့ တိရိစ္ဆာန်ချစ်သူတွေဟာဝမ်းနည်းခဲ့ကြရပါတယ်။
အဲဒီဝင်ရောက်စီးနင်းမှုမှာ ဒီဇယ်သေဆုံးခဲ့ရသလို အကြမ်းဖက်သမား ၂ဦး သေဆုံးခဲ့ပြီး ၇ဦးအဖမ်းခံခဲ့ရပါတယ်။