ပါရီအကြမ်းဖက်မှုခေါင်းဆောင် သေဆုံးပြီဟု ပြင်သစ်အာဏာပိုင် အတည်ပြု
This article has been converted from Zawgyi One to Unicode
ပါရီအကြမ်းဖက်မှုကို ကြိုးကိုင်ခဲ့သူ Abdelhamid Abaaoud ဆိုသူမှာ မနေ့ကဖြစ်ပွားသည့် စိန့်ဒင်းနစ် အရပ်ရှိ တိုက်ခန်းကို ပြင်သစ်ရဲများ ဝင်ရောက်စီးနင်းမှု၌ သေဆုံး သွားပြီဖြစ်ကြောင်း ပြင်သစ်အစိုးရရှေ့နေရုံး က အတည်ပြုပြောဆိုပါတယ်။
“ကျည်ဆန်ရာဗလပွနဲ့ သေဆုံးနေဖြစ်နေတဲ့ သူ့ရဲ့ ခန ္ဗ္ဓ္ဓကိုယ်ကို အခန်းထဲမှာ တွေ့ခဲ့ပါတယ်၊ Abdelhamid Abaaoud ဆိုတာ တရားဝင်ထင် ဖော်ထုတ်နိုင်ခဲ့ပါတယ်” လို့ ပြင်သစ်အစိုးရရှေ့နေက ဆိုပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံနိုင်ငံသား စစ်သွေးကြွ Abdelhamid Abaaoud သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ ပါရီအကြမ်းဖက်တိုက်ခိုက်မှု၏ လက်သည်အဖြစ် ယူဆခဲ့ကြသည်။
မနေ့ကပြုလုပ်တဲ့ ပါရီမြောက်ပိုင်း စိန့် ဒင်းနစ် စီးနင်းမှုမှာ ၂ဦးသေဆုံးပြီး ၇ ဦးအဖမ်းခံခဲ့ရပါတယ်၊ အမျိုးသမီး တဦးကတော့ အသေခံဗုံးခွဲလိုက်တဲ့အတွက် သေဆုံးသွားပါတယ်။
IS အကြမ်းဖက်သမားတို့ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့တိုက်ခိုက်မှုမှာ လူပေါင်း ၁၂၉ ဦးသေဆုံးကာ ၃၅၀ ဒဏ်ရာရခဲ့ပါတယ်။