IS ကိုတိုက်ခိုက်ဖို့ အမေရိကန်က လေယာဉ်တင်သင်္ဘော USS Kearsarge စေလွှတ်
This article has been converted from Zawgyi One to Unicode
အမေရိကန်ရေတပ်က ဒေါင်လိုက်အတက်ဆင်းလုပ်နိုင်တဲ့ AV- 8B အမျိုးအစား ဟယ်ရီယာ တိုက်လေယာဉ် များတင်ဆောင်ထားတဲ့ လေယာဉ်တင်သင်္ဘော USS Kearsarge ကို စေလွှတ်ကာ IS ကိုတိုက်ခိုက်ရာမှာ ပါဝင်ဖို့ စေလွှတ်လိုက်ပါတယ်။
“ရေတပ် လေကြောင်းဆိုင်ရာ တပ်ဖွဲ့ အနေနဲ့ IS ကိုတိုက်ခိုက်ဖို့ မနေ့က ပူးပေါင်းခဲ့ပါတယ်၊ အီရတ်က IS တွေကို တိုက်ခိုက်အပြီးမှာ ဒါဟာ သူတို့ရဲ့ ပထမဆုံး တာဝန်ဖြစ်ပါတယ်” လို့ အမေရိကန်ရေတပ်ရဲ့ တရားဝင် ဝဘ်ဆိုဒ်မှာ ရေးသားထားပါတယ်။
USS Kearsarge ဟာ အိန္ဒိယသမုဒ္ဒရာရဲ့ အာရေဗျ ပင်လယ်ကွေ၊ ပင်လယ်နီ၊ အိုမန်ပင်လယ်ကွေ့၊ အေဒင် ပင်လယ်ကွေ့၊ အာရေဗျပင်လယ်မှာ တာဝန်ယူနေတဲ့ အမှတ် ၅ ရေတပ်တော်စုနဲ့ ပူးပေါင်းထားပြီး ရုရှားလေတပ် တိုက်ခိုက်မှုနဲ့ ဆီးရီးယား အစိုးရတပ်ရဲ့ မြေပြင်ထိုးစစ်ကြောင့် ISတွေ ဆုတ်ခွာနေကြရာ အမေရိကန်ကလည်း သူရဲ့ လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်တာဖြစ်ပါတယ်။