ရခိုင်အမျိုးသားပါတီ (ANP) ၏ အစည်းအဝေးကို လာမည့်ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော်တွင် စီမံဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်လုပ်ဆောင်မည့် နိုင်ငံရေး အခင်းအကျင်းများကို ဆွေးနွေးကြမည်ဟု သိရသည်။ ANP ဒုက္ကဋ္ဌ တဦး ဖြစ်သူ ဦးဖိုးမင်းက “ပါတီရဲ့ ရှေ့လုပ်ငန်း စဉ်များကို ဒီလာမယ့် ဗဟိုကော်မတီဝင် အစည်း အဝေးမှာ ဆွေးနွေးမယ်။ ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း ဘယ်သူတွေနဲ့ ညွန်းပေါင်း လုပ်မလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ANP သည် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ အပါအဝင် ၁၀ မြို့နယ်တို့တွင် လွှတ်တော် ၃ ရပ်လုံး အနိုင်ရရှိခဲ့ပြီး ကျန်မြို့နယ်များ ဖြစ်ကြသည့် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင် စသည် ြမြို့နယ်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရရှိခဲ့သည်။
ANP သည် ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာ အနိုင်ရရှိခဲ့ပြီး စုစုပေါင်း ၄၄ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။