အာဖရိကတိုက် မာလီနိုင်ငံ မြို့တော် ဘန်မာကိုရှိ Radisson ဟိုတယ်ကို အကြမ်းဖက်သမားများက ဝင်ရောက် စီးနင်းလိုက်ပြီး လူပေါင်း ၁၇၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။
အမည်မသိ သေနတ်သမား ၁၀ ယောက်ခန့်က သေနတ်ဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ဧည်သည် ၁၄၀ဦး နဲ့ အလုပ်သမား ၃၀ ဦးကို ဖမ်းထားကာ ဟိုတယ်ကို ပိတ်ထားလိုက်တယ်လို့ Radisson ဟိုတယ် အုပ်စု ပြောခွင့်ရသူက ဆိုပါတယ်။
“အပြင်ထွက်တာလည်း မရှိသလို၊ အထဲဝင်လည်းမရဘူး” လို့လည်း NBC သတင်းဌာနကို ပြောပါတယ်။
ဒီဟိုတယ်ဟာ နိုင်ငံခြားသားတွေ အများဆုံး တည်ခိုတဲ့ ဟိုတယ်ဖြစ်ပြီး အခန်းပေါင်း ၁၉၀ ရှိကာ အနီးတဝိုက်မှာတော့ အစိုးရ ရုံးတွေရှိပါတယ်။
ပြင်သစ်ရေဒီယို RFI အဆိုအရ သံတမန်ကားတွေနဲ့ သေနတ်သမား ၃ယောက် ရောက်လာတယ် အဆောက်အအုံထဲ မဝင်ခင်မှာ သေနတ်တွနဲ့ ပစ်တယ်လို့ သိရပါတယ်။
မာလီနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကလည်း ဒီတိုက်ခိုက်မှုကို အတည်ပြုလိုက်ပြီး လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေ ဟိုတယ်နားမှာ ဖြန့်ချနေရာယူနေပြီဖြစ်ပါတယ်။