မာလီနိုင်ငံ မြို့တော် ဘန်မာကို ရှိ ဟိုတယ် Radisson ကို ဝင်ရောက်စီးနင်းထားသည့် အကြမ်းဖမ်သမားများ က ဓားစာခံ ၁၇၀ ဦးထဲမှ ပြင်သစ်နိုင်ငံသား ၁ ဦးနှင့် မာလီနိုင်ငံသား ၂ဦးကို သတ်ပစ်လိုက်ကြောင်း ကုလသမ ဂ္ဂ အရာရှိများက ဆိုပါတယ်။
ပြင်သစ်ထောက်ပံပေးထားတဲ့ မာလီ အထူးတပ်ဖွဲ့က ဟိုတယ်ကို ဝန်းရံထားလိုက်ပြီဖြစ်ပြီး၊ ဖမ်းထားသည့် ဓား စာခံများထဲတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံမှ စစ်ဖက်ဆိုင်ရာများနှင့် လေကြောင်းဝန်ထမ်းများ၊ တရုတ်လူမျိုး ခရီးသွား ၁၀ဦး ပါဝင်ကြောင်း တရုတ်သတင်းများတွင် ဖော်ပြသလို တူရကီလေကြောင်းလိုင်းမှ ၆ဦးပါဝင်ကြောာင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။
ဟိုတယ်ကို စီးနင်းထားတဲ့ လက်နက်ကိုင်တွေဟာ အာရဗီဘာသာစကားနဲ့ “Allahu Akbar”လို့ ကြွေးကြော်ကြ ပြီး ၇ ထပ်မြောက်မှာ ပစ်ခတ်မှုတွေပြုလုပ်တယ်လို့ ပြင်သစ်ရုပ်မြင်သံကြားက ဆိုပါတယ်။
လတ်တလောမှာတော့ ရုရှားသံရုံးက ရုရှားနိုင်ငံသားတွေနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ပေးမှုမရှိသေးပါဘူး။
ပြင်သစ်နိုင်ငံရဲ့ ကိုလိုနီတခုဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉၆၀ ခုနှစ်က လွတ်လပ်ရေးရခဲ့ပြီး အစ္စလာမ်စ် စစ်သွေးကြွ တွေဖြစ်တဲ့ ဘိုကိုဟာရမ်အပါအဝင် အဖွဲ့များစွာ လှုပ်ရှားမှု ပြုလုပ်ရာဖြစ်ပါတယ်။