ကက်စပီယံ ပင်လယ်မှာ ရှိတဲ့ ရုရှား ရေတပ်သင်္ဘောတွေက ခရုစ် ဒုံးကျည် ၁၈ လုံး ပစ်လွှွှတ်ကာ ဆီးရီးယားနိုင်ငံက IS ပစ်မှတ် ၇ ခုကို မနေ့က တိုက်ခိုက်လိုက်ပြန်ပါပြီ။ ကက်စပီယံပင်လယ်မှာရှိတဲ့ ရေတပ်အုပ်စုက ခရုစ်ဒုံးပျံနဲ့ ပစ်လွှတ်တိုက်ခိုက်တာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
“ပစ်မှတ်အားလုံးကို ဖျက်ဆီးနိုင်တယ်လို့” ရုရှားကာကွယ်ရေး ဝန်ကြီး Sergei Shoigu ကဆိုပါတယ်။
တိုက်ခိုက်မှု တခုလုံးကို ကြည့်မယ်ဆိုရင် ကက်စပီယံပင်လယ်၊ မြေထဲပင်လယ် အပေါ်ကို ဖြတ်သန်းတဲ့ အကွာ အဝေးဟာ ၁၅၀၀ ကီလိုမီတာရှိပြီး စစ်သင်္ဘော ၁၀စီးကနေ ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။
IS ပစ်မှတ်တွေကို ရုရှားလေတပ်ကလည်း ဗုံးကြဲတိုက်ခိုက်နေရာ Tu 22 M3 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ကြီးတွေနဲ့ ၄ရက်အတွင်း အခေါက်ပေါင်း ၆၀ ပျံသန်းကာ တိုက်ခိုက်ခဲ့ပါတယ်။
အခုအခါမှာ ရုရှားလေယာဉ် ဗုံးခွဲမှု၊ ပါရီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် IS အပေါ် ရုရှား၊ ပြင်သစ်၊ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်လာနေပါပြီ။