သတင်းတို

တိုကျိုရှိ ယာဆုကုနိ နတ်ကွန်း၌ ပေါက်ကွဲမှုဖြစ်

This article has been converted from Zawgyi One to Unicode

တိုကျိုရှိ ယာဆုကုနိ နန်းကွန်း၌ ပေါက်ကွဲမှုဖြစ်ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ  ဒုတိယကမ္ဘာစစ်အတွင်းသေဆုံးသူများအတွက် ဝတ်ပြုဆုတောင်းမှုပြုသည် ယာဆုကုနိ စစ်သည်တော်ဗိမာန် နတ်ကွန်းရှိ သန့်စင်အခန်းတခု၌ ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့ရာ ထိခိုက်မှုမရှိကြောင်း ကျိုတို သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် အများသုံး သန့်စင်ခန်း မျက်နှာကျက်နှင့် နံရံ ပျက်စီးသွားပြီး၊ မည်သည့်အကြောင်းကြောင့် ပေါက်ကွဲသည်ကို မသိရသော်လည်း နတ်ကွန်းစောင့်ရှောက်သူများ၊ ရဲ၊ မီးသတ် ၁၀၀ ခန့်ရောက်ရှိ စောင့်ကြည့်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်၏ ကျူးကျော်စစ်ကြောင့် အရှေ့အာရှနှင့် အရှေ့တောင်အာရှ တိုက်နိုင်ငံများရှိ စစ်ဘက်နှင့် အရပ်သားများသန်းချီသေဆုံးခဲ့ရာ အထူးသဖြင့် တရုတ်နှင့် ကိုရီးယားနိုင်ငံတို့မှ ဂျပန်ခေါင်းဆောင်များ အဆိုပါ ယာဆုကုနိ  စစ်သည်တော်ဗိမာန်သို့ သွားရောက်သည့်အခါ ကန့်ကွက်လေ့ရှိသည်။

Loading