အသေခံဗုံးခွဲသူများအသုံးပြုသည့် ဟု ယူဆရသည့် ခါးပတ်တခုကို ပြင်သစ်နိုင်ငံ ပါရီမြို့တောင်ပိုင်း Montrouge ရပ်ကွက် အမှိုက်ပုံးတခု၌ လမ်းသန့်ရှင်းရေးသမားက တွေ့ရှိခဲ့ကြောင်း ပြင်သစ်သတင်းBFM TV တွင် ဖော်ပြထားသည်။
တွေ့ရှိခဲ့သည့် ခါးပတ်တွင် စနက်တံပါရှိခြင်းမရှိပေ၊ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က ပါရီမြို့ နေရာ ၇နေရာ တွင်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ သုံးသည့် ခါးပတ်နှင့် တူညီသည်ဟုလည်းဆိုသည်။
ခန့်မှန်းသူများအဆိုအရ ပါရီတိုက်ခိုက်မှုတွင် ပါဝင်ပြီး ယခုအခါ ထွက်ပြေးလွတ်မြောက်နေသည့် ဆာလာ အက်ဘ်ဒက် စလမ် အသုံးပြုမည့် ပစ္စည်းကို လုံခြုံရေးတင်းကျပ်သည့်အတွက် လွှင့်ပစ်ခြင်းလားဟုတွေးဆနေကြောင်း ဆိုသည်။