သတင်းတို
အကြမ်းဖက်တိုက်ခိုက်မှု သတိထားရန် အမေရိကန်ခရီးသွားများကို သတိပေး
This article has been converted from Zawgyi One to Unicode
ကမ္ဘာတလွှားရှိ အမေရိကန်ခရီးသွားများ အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် IS ၊ အယ်ကိုင်ဒါ၊ ဘိုကိုဟာရမ်ကဲ့သို့ အဖွဲ့အစည်းများက နေရာဒေသမျိုးစုံတွင် တိုက်ခိုက်ရန် စီစဉ်နေသည့်အတွက် သတိရှိရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်သည်။
တိုက်ခိုက်မှုများကို အဖွဲ့အစည်းနှင့်သာမက တဦးချင်းတိုက်ခိုက်မှုများလည်း ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့ ပြီး သမရိုးကျလက်နက်များဖြင့်သာမက သမရိုးကျမဟုတ်သည့် တိုက်ခိုက်မှုမျိုးလည်း ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ယခုသတိပေးချက်မှာ လာမည့် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့အထိ အကြုံးဝင်မည်ဖြစ်ပြီး အမေရိကန် နိုင်ငံသားများအနေဖြင့် ဘယ်ဒေသကို ရှောင်ကြဉ်ရမယ်ဆိုတာ မပါရှိပေ။