ပစ်ချခံရသည့် ရုရှားတိုက်လေယာဉ်နှင့် ပတ်သက်ပြီး တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကို တူရကီ နိုင်ငံခြား ရေးဝန်ကြီးက ဆင့်ခေါ်ထားကြောင်း သံရုံးပြောခွင့်ရ အီဂါ မစ်ယာကော့ဗ်က ပြောသည်။
“ရုရှား သံရုံးက ကောင်ဆယ်လာကို ဆင့်ခေါ်တာမှန်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မရှိပါဘူး” သူက ဆိုပါတယ်။
ရုရှားတို့ရဲ့ ဆူခွိုင်းအမျိုးအစား Su- 24 တိုက်လေယာဉ်ဟာ ဆီးရီးယား ဝေဟင်ပိုင်နက်မှာ ပစ်ချခံရတာဖြစ် တယ်လို့ ရုရှားဘက်က အခိုင်အမာပြောဆိုနေပါတယ်။
ရုရှားလေယာဉ်မှူး ၂ဦးကတော့ လေထီးနဲ့ ခုန်ဆင်းနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကံကြမ္မာကတော့ မသိရသေးပါဘူး။
ရုရှားလေယာဉ် ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး ရှုတ်ထွေးတဲ့ စစ်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ ပြောခွင့် အာမက် ဖော်ဇီက သတိပေးပြောဆိုလိုက်ပါတယ်။