သတင်းတို

ရုရှား လေယာဉ်ပစ်ချမှု တူရကီကို သမ္မတ ပူတင်သတိပေးပြီ

This article has been converted from Zawgyi One to Unicode

1030171690ရုရှားတိုက်လေယာဉ် Su -24 ကို ပစ်ချလိုက်ခြင်းရဲ့ အကျိုးဆက်က ရုရှား – တူရကီ ဆက်ဆံရေးကို ထိခိုက် စေမှာဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောလိုက်ပါတယ်။

“ငါတို့ရဲ့ ပိုင်းလော့ ငါတို့ရဲ့ လေယာဉ်ဟာ တူရကီကို ခြိမ်းခြောက်တဲ့ အနေအထား မရှိပဲနဲ့ ပစ်ချခံခဲ့ရတယ်၊ ငါတို့ဟာ တူရကီကို အိမ်နီးချင်းအဖြစ်သာမက မိတ်ဆွေနိုင်ငံအဖြစ်နဲ့ အမြဲလေးစားခဲ့တယ် ဒီဝမ်းနည်းဖွယ်ဖြစ် ရပ်ရဲ့ အကျိုးဆက်က ရုရှား – တူရကီဆက်ဆံရေးကို ထိခိုက်လိမ့်မယ်”လို့ ယနေ့မှာ ဂျော်ဒန်ဘုရင်နဲ့ တွေ့ဆုံတဲ့ သမ္မတ ပူတင်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဆီးရီးယား ဘက်ခြမ်း လေ့လာမှုအရ Su – 24 ဟာ တူရကီ လေပိုင်နက်ကို ခြိမ်းခြောက်ခြင်းတစုံတရာမရှိဘူး လို့သိရပြီး၊ လေယာဉ်ဟာ ဆီးရီးယား- တူရကီနယ်စပ်မှ ၆ကီလိုမီတာဝေးတဲ့ ဆီးရီးယားပိုင်နက်မှာ ပျက်ကျသွား တာဖြစ်ပါတယ်။

ဒီလေယာဉ်ပစ်ချမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ရုရှားလေယာဉ်ဟာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း လတ်တာကီယာ ဒေသမှာရှိတဲ့ IS တွေ တိုက်ခိုက်တဲ့ တာဝန် ထမ်းဆောင်နေရင်း အခုလို ဖြစ်ပွားခဲ့တာပါ။

လေယာဉ် ပစ်ချမှုနဲ့ ပတ်သက်ပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီး ဌာနက တူရကီရှိ ရုရှားသံရုံးကို ဆင့်ခေါ်ခဲ့သလို၊ တူရကီစစ်ဘက်ကလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ဆင့်ခေါ်စာပေးပို့ပြီး ရှင်းလင်းဖို့ ကြိုးစားနေပါတယ်။

ကုလသမဂ္ဂကလည်း ဒီအဖြစ်အပျက်ဟာ ရှုပ်ထွေးတဲ့ စစ်ပွဲကို ဦးတည်နိုင်တယ်လို့ သတိပေးခဲ့သလို၊ နေတိုးမဟာမိတ်အဖွဲ့ကလည်း သူတို့ရဲ့ အဖွဲ့ဝင်သံအမတ်တွေကို အရေးပေါ်အစည်းအဝေးဖိတ်ခေါ်ထားပါတယ်။

Loading