တူနီးရှားနိုင်ငံ တူနစ်မြို့လယ်ရှိ ဘတ်စ်ကားတစီး၌ ဗုံးပေါက်ကွဲရာ တူနီးရှား သမ္မတ၏ လုံခြုံရေး အစောင့် ၁၂ ဦး သေဆုံးကာ ၁၆ ဦးထက်မနည်း ဒဏ်ရရရှိခဲ့ပါတယ်။
သမ္မတ ရဲ့ လုံခြုံရေး အစောင့်တပ်ဖွဲ့တွေကို သယ်ပို့ဆောင်ပေးနေတဲ့ ဘတ်စ်ကား ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး အကြမ်းဖက်သမားတို့ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးကဆိုပါတယ်။
အာဖရိက မြောက်ပိုင်းက တူနီးရှားနိုင်ငံဟာ IS တို့ရဲ့ ပစ်မှတ်ဖြစ်နေပြီး တူနီးရှားနိုင်ငံသား ၃၀၀၀ ကျော်ဟာ လည်း ဆီးရီးယား၊ အီရတ် တို့မှာရှိတဲ့ IS တွေနဲ့ ပူးပေါင်း တိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လည်း ဆိုတာတော့ မသိရသေးပါဘူး
တူနီးရှားသမ္မတကတော့ အကြမ်းဖက်သမားတွေကို နိုမ်နင်းမယ်လို့ ပြောကြားလိုက်ပြီး မြို့တော် တူနစ်ကို ရက်ပေါင်း ၃၀ အရေးပေါ် အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေးအောက်မှာ ထားလိုက်ပါတယ်။
တူနီးရှားနိုင်ငံဟာ ၂၀၁၁ ခုနှစ်က အာရပ်နွေဦးလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
အိမ်နီးချင်း အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် မှာလည်း မနေ့က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၃ဦးသေဆုံးကာ ၁၂ ဦးခန့်ဒဏ်ရရခဲ့ပါတယ်။
ဒီကနေ့မှာလည်း အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ်မှာ အမေရိကန်ကို ပို့မယ့် ပါဆယ်ထုတ်တွေထဲ ပေါက်ကွဲစေတတ် တဲ့ပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။