ပစ်ချခံရတဲ့ ရုရှား ဗုံးကြဲလေယာဉ် Su-24 မှ လေယာဉ်မှူး ၂ဦးအနက် တဦးကို ဆီးရီးယား စစ်တပ်က ကယ်ဆယ်လိုက်နိုင်ပြီ ဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။
ဒီလေယာဉ်မှူးတွေ မောင်းနှင်တဲ့ Su – 24 လေယာဉ်ဟာ တူရကီ လေပိုင်နက်ကို ကျူးကျော်တယ်လို့ ဆိုကာ တူရကီလေတပ် F- 16 တိုက်လေယာဉ်က ပစ်ချလိုက်ခြင်းဖြစ်ပါတယ်။
လေယာဉ်မှူးတဦးကတော့ လေထီးနဲ့ ဆင်းသက်စဉ် ဆီးရီးယားသူပုန်ရဲ့ မြေပြင်မှ သေနတ်နဲ့ ပတ်ခတ်ခြင်းကို ခံရတဲ့ အတွက် သေဆုံးသွားကြောင်း ဗီဒီယိုကလစ်တွေ တက်လာခဲ့ပါတယ်။
အခုအခါမှာတော့ ရုရှားတို့ဘက်က ဆီးရီးယားမှာရှိတဲ့ ရုရှားလေတပ်စခန်းများ လုံခြုံရေး၊ တာဝန်ထမ်းဆောင် နေတဲ့ ဗုံးကြဲလေယာဉ်များကို တိုက်လေယာဉ်များက အကာအကွယ်ပေးရေး၊ ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရေး ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် S – 300 တတ်ဆင်ထားတဲ့ ရုရှား စစ်သင်္ဘော မော့စ်ကာဗာကို စေလွှတ်ရေး၊ ရုရှားတို့ကိုတိုက်ခိုက်မယ့် အန္တရာယ်တွေ ကိုလည်း တိုက်ခိုက်ဖျက်ဆီးရေး၊ တူရကီနဲ့ စစ်ရေးအရ ဆက်သွယ်တဲ့ လိုင်းတွေကို ရပ်ဆိုင်းဖို့ လုပ်ကိုင်နေပါတယ်။
ရုရှားက ဆီးရီးယားမှာ တာဝန်ထမ်းနေတဲ့ သူတို့ရဲ့ လေယာဉ်မှူးများ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကာကွယ်ရေး အစီအစဉ်များကို ပြန်လည်သုံးသပ် ရေးဆွဲသွားမှာဖြစ်ပြီး ရန်သူရဲ့ ဆက်သွယ်ရေးစနစ်ကို တန်ပြန်နှောက်ယှက်မယ့် Eletronic Jamming စနစ်ကို သုံးကောင်းသုံးမယ်လို့ သိရပါတယ်။