ရုရှားက ဆီးရီးယားရှိ Hmeymim လေတပ်စခန်းကို ကာကွယ်ရန် S-400 လေကြောင်းကာကွယ်ရေး ဒုံးပျံများ ချထားမယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီး Sergey Shoygu ကပြောလိုက်ပါတယ်၊ Su-24 ဗုံးကြဲလေယာဉ် ပစ်ချခံရပြီးနောက်ပိုင်းတွင် ရုရှားတို့က လကြောင်းရန် ကာကွယ်ရေး ဒုံးကျည် S – 300 တတ်ဆင်ထားတဲ့ ခရူဇာ စစ်သင်္ဘော မော့စ်ကာဗာကိုလည်း စေလွှတ်မည်အပြင် ယခုအခါ S- 400 များ ထပ်မံချထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။
ပစ်ချခံရတဲ့ ရုရှား ဗုံးကြဲလေယာဉ် Su-24 မှ လေယာဉ်မှူး ၂ဦးအနက် တဦးကို ဆီးရီးယား စစ်တပ်က ကယ်ဆယ်လိုက်နိုင်ပါပြီ။
ယခုအခါ ဆီးရီးယား နိုင်ငံမှာ ရုရှားလေတပ်က ဗုံးကြဲတိုက်ခိုက်ရုံသာမက လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံများကို ချထားတော့မှာဖြစ်ပါတယ်။
သမ္မတပူတင်ကတော့ ဒီလိုချထားလိုက်ခြင်းကြောင့်ဖြစ်လာမယ့် အကြောင်းတရား အဖြစ်အပျက်တွေကို သူ့အနေနဲ့ ထည့်တွက်မှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။