သတင်းတို

ကျဆုံးသွားတဲ့ ရုရှားစစ်သည်များကို သူရဲကောင်းဆုများ ချီးမြှင့်

This article has been converted from Zawgyi One to Unicode

Su-24ပစ်ချခံရတဲ့ ရုရှား ဗုံးကြဲလေယာဉ် Su-24 မှ လေယာဉ်မှူး၂ဦး အပါအဝင် ရေတပ်သားတဦးကို သမ္မတ ပူတင်က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဆုများ ချီးမြှင့်လိုက်ပါတယ်။သူတို့ဟာ စစ်ဘက်တာဝန်တွေ ထမ်းဆောင်ရင်းနဲ့ ရဲရင့်ခြင်း၊ သူရသတ္တိ နဲ့ ပြည့်စုံတာကို ပြသနိုင်တဲ့ သူရဲကောင်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

Su-24 လေယာဉ်မှ သေဆုံးသွားတဲ့ ဒုတိယဗိုလ်မှူးကြီး အိုလက် ပက်ရှ်ကော့ဗ်ကို “Hero of the Russian Federation”ဆု၊ အသက်ရှင်ကျန်ခဲ့တဲ့ Su-24 ကပ္ပတိန် ကွန်စတန်တင်နဲ့ ၎င်းကိုသွားရောက်ကယ်တင်ရင်းကျဆုံး ကမ်းတက်တပ်မှ စစ်သည် အလက်ဇန္ဒား ပိုဇီနစ်ရှ်တို့ကို “Order of Courage”ဆုများ အသီးသီးချီးမြှင့်လိုက်ပါတယ်။

Loading