ကွန်ဒုဇ်ဆေးရုံပစ်ခတ်မှု မတော်တဆဖြစ်ရပ်ဟု အမေရိကန်ထုတ်ပြန်
This article has been converted from Zawgyi One to Unicode
အာဖဂန်နစ္စတန်နိုင်ငံ ကွန်ဒုဇ်မြို့က နယ်စည်းမခြားဆရာဝန်များ( MSF)ရဲ့ ကုသိုလ်ဖြစ် ဆေးရုံကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အမေရိကန်လေတပ်မှ တိုက်ခိုက်မှုမှာ မတော်တဆ အမှားသာဖြစ်ဟု အမေရိကန် စစ်ဘက်စုံစမ်းစစ်ဆေးမှု အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
အမေရိကန်လေတပ် လေယာဉ်ဟာ ဆေးရုံကို စက်သေနတ်နဲ့ ၂၁၁ ချက်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်၊ ဒီလိုဖြစ်ရတာဟာ လူတွေကြောင့်ဖြစ်ရတဲ့ အမှား၊ နည်းပညာ၊ လုပ်ထုံးလုပ်နည်းအမှားတွေကြောင့်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ MSF ဆေးရုံကို အမေရိကန်လေတပ်ရဲ့ မိနစ် ၃၀ခန့် တိုက်ခိုက်မှုမှာ လူပေါင်း ၃၀ ခန့်သေဆုံးခဲ့ရပါတယ်။
နယ်စီးမခြား ဆရာဝန်များ အဖွဲ့ကတော့ အစီရင်ခံစာပါ အမေရိကန်တပ်များ ရဲ့ပေါ့လျော့မှုတွေ ကို ထောက်ပြခဲ့ပြီး သီးခြား စုံစမ်းမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။