သတင်းတို

ပါတော်မူ နှစ်၁၃၀ ပြည့် ကုန်းဘောင်မင်းအနွယ်များက သံဃာအပါး ၁၃၀ ဆွမ်းကပ်မည်

This article has been converted from Zawgyi One to Unicode

ပါတော်မူ နှစ်၁၃၀ ပြည့် ကုန်းဘောင်မင်းအနွယ်များက သံဃာအပါး ၁၃၀ ဆွမ်းကပ်မည်ကုန်းဘောင်မင်းဆက်၏ နောက်ဆုံး ဘုရင် သီပေါမင်းနှင့် စုဖုရားလတ် ပါတော်မူသည့် နှစ် ၁၃၀ ပြည့် အထိမ်းအမှတ်အဖြစ် အနွယ်တော်များက ဒီဇင်ဘာ ၄ရက်နေ့တွင်  မန္တလေးမြို့ ဝါးခင်းကုန်းဘုရား၌ သံဃာတော် အပါး ၁၃၀ ပင့်ဖိတ်ကာ ကောင်းမှု ကုသိုလ်များ ပြုလုပ် မည်ဖြစ်သည်။

သံဃာ အပါး ၁၃၀ ပင့်ဖိတ်၍ ပါတော်မူနေ့ အခမ်းအနားပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး  ယခင်က မိသားစု အတွင်းတွင်သာ သံဃာ ၁၀ပါးခန့်ဖြင့် အကျဉ်းရုံးကျင်းပခဲ့ရကြောင်း သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ဧရာဝတီသို့ပြောသည်။

အခမ်းအနားအစီအစဉ်ကို နံနက် ၉နာရီတွင် စတင်မည်ဖြစ်ကာ အိန္ဒိယနိုင်ငံ ရတနာဂီရိ တွင် ပြုလုပ်သည့် အစဉ်အလာတိုင်း အရှင်နှစ်ပါးအား သံတော်ဦးတင်လွှာ ဖတ်ကြားခြင်း၊ ရေစက်ချစာတမ်းဖတ်ကြားခြင်း၊ ဆရာတော်သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ဖိတ်ကြားထားသည့် အနွယ်တော်များနှင့် ဧည့်သည်များကို ဧည့်ခံကျွေးမွေးခြင်း၊ ညနေ ၆နာရီတွင် ဆီမီး ၁သောင်း ပူဇော်ခြင်း၊ အနွယ်တော်တဦးဖြစ်သည့် ဦးကြည်သာ(ပွဲကြိုက်ခင်)က ပါတော်မူသွားသည့် အရှင်နှစ်ပါးကို ဓမ္မတေးဖြင့် ပူဇော်ခြင်းတို့ ပြလုပ်မည်ဖြစ် သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် အင်္ဂလိပ်- မြန်မာ တတိယစစ် ဖြစ်ပွားခဲ့ပြီး ၂၉ရက်နေ့ တွင် အင်္ဂလိပ်တို့က မြန်မာမင်းနေပြည်တော် မန္တလေးကို သိမ်းပိုက်ကာ  သီပေါမင်းနှင့် မိဖုရားဖြစ်သူ စုဖုရားလတ်တို့ကို တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

Loading