သတင်းတို

တူရကီနဲ့ စစ်ရေးဆက်သွယ်မှုအားလုံး ရုရှား အဆက်ဖြတ်

This article has been converted from Zawgyi One to Unicode

တူရကီနဲ့ စစ်ရေးဆက်သွယ်မှုအားလုံး ရုရှား အဆက်ဖြတ်တူရကီနှင့် ပြုလုပ်နေသည့် စစ်ရေးဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

“တူရကီစစ်တပ်နဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကြား ပြုလုပ်နေတဲ့ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းအားလုံး  ဖြတ်လိုက်ဖို့  ဒီကနေ့ အားလုံးသဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချတယ်” လို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးချုပ် အိုင်ဂေါ ကိုနက်ရှင်ကောဗ့် က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆီးရီးယားမှာ IS ကို တိုက်ခိုက်နေတဲ့ ရုရှားဗုံးကြဲလေယာဉ်ကို တူရကီတိုက်လေယာဉ်ကေ ပစ်ချလိုက်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်ပါတယ်။

တူရကီကတော့ ရုရှားလေယာဉ်ဟာ ကျူးကျော်လာတဲ့အတွက် ပစ်ချလိုက်တာဖြစ်တယ်လို့ ဆိုပေမယ့် ရုရှား နဲ့ ဆီးရီးယား ဘက်တော့ Su 24 လေယာဉ်ဟာ တူရကီ လေပိုင်နက်ကို မဖြတ်ဘူးလို့ ဆိုပါတယ်။

ဒါအပြင် တူရကီသမ္မတ အာဒိုဂန် ကတော့ ရုရှားလေယာဉ်ကို ပစ်ချပြီးနောက်ပိုင်းမှာ ရုရှားသမ္မတပူတင်ကို ဖုံးနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြင်သစ် သတင်းဌာနကိုပြော ပါတယ်။

“အဲဒီအဖြစ်အပျက်နောက်ပိုင်း ကျနော် သမ္မတပူတင်ဆီ ဖုံးဆက်တယ် သူမကိုင်ဘူး”လို့ ဆိုတယ်။

အခုအခါမှာ  ရုရှား- တူရကီ တင်းမာမှုဟာ တိုးပွားလာနေပြီး နောက်ပိုင်းမှာ တူရကီ သင်္ဘောတွေနဲ့ လေယာဉ်တွေကို ရုရှားဆိပ်ကမ်းတွေ လေဆိပ်တွေ ဝင်ထွက်ခွင့် ပိတ်ပင်လာနိုင်တယ်လို့ ရုရှား စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီး အလက်ဇီ ယဲလ် ယူကာယက်ဗ်က ပြောလိုက်ပါတယ်။

Loading