ရှမ်းပြည်နယ်တောင်ပိုင်းက တောင်တန်းတွေပေါ်နဲ့ ရှိုမြှောင်တွေကြားမှာ လှပပြီး အဆိပ်ပြင်းတဲ့ ဘိန်းပန်းတွေ ဝေနေပါ တယ်။ ဒေသခံတွေက အသက်မွေးဝမ်းကျောင်း စိုက်ပျိုးရေးလုပ်ငန်းတခု အဖြစ် အဘိုးအဘွားတွေ လက်ထက် ကတည်းက စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။ ဒီတောင်တန်းတွေ ပေါ်မှာ အာလူး၊ ကြက်သွန်၊ ပြောင်းဖူးနဲ့ အခြားသီးနှံတချို့ စိုက်ပျိုး ဖြစ်ထွန်းပေမယ့် လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ် အခက်အခဲနဲ့ ဝယ်ယူမှု အားနည်းတာကြောင့် ဘိန်းစိုက်ပျိုးမှုက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စကား ဖြစ်တဲ့ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ စကားလုံးဟာ ဘိန်းစိုက်ပျိုးသူတွေ ရင်ထဲကိုလည်း ဝင်ရောက်ခဲ့ပြီး သူတို့လည်း ပြောင်းလဲချင်ပြီ လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဘိန်းခင်းတွေကို ဧရာဝတီရဲ့အကြီးတန်းသတင်းထောက် ကျော်ခက မှတ်တမ်းတင်ထားပါတယ်။