သတင်းတို
NLD အမတ်များအား စည်းကမ်းပိုင်း ပိုမိုတင်းကြပ်သွားမည်
This article has been converted from Zawgyi One to Unicode
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရကိုယ်စားလှယ်များ နိုဝင်ဘာ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ဗဟိုအောင်နိုင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးက စည်းကမ်းပိုင်းကို ပိုမိုတင်းကြပ်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။ ယခုတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ အဖွဲ့ချုပ်အနိုင်ရကိုယ်စားလှယ် ၂၂၆ ဦးတက်ရောက်ခဲ့ပြီး အထက်မြန်မာပြည်အနိုင်ရ ကိုယ်စားလှယ်များနှင့်လည်း နေပြည်တော်တွင် တွေ့ဆုံသွား မည်ဖြစ်ကြောင်း သိရသည်။