သတင်းတို
သမ္မတ၊ ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဒီဇင်ဘာ ၂ ရက်နေ့တွေ့မည်
This article has been converted from Zawgyi One to Unicode
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီဇင်ဘာ ၂ ရက်နေ့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် နိုင်ငံတော်သမ္မတရုံးတို့မှ ယနေ့ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်လိုက်သည်။