သတင်းတို

ရုရှားလေယာဉ်မှူး ရုပ်အလောင်း တူရကီ လွှဲပေးမယ်

This article has been converted from Zawgyi One to Unicode

ရုရှားလေယာဉ်မှူး ရုပ်အလောင်း တူရကီ လွှဲပေးမယ်ပစ်ချခံရတဲ့ ရုရှား Su- 24 မှ သေဆုံးသွားသည့် လေယာဉ်မှူး ဒုဗိုလ်မှူးကြီး အိုလက် ပက်ရှ်ကော့ဗ် ရုပ်အလောင်း ကို တူရကီသို့ သယ်ဆောင်လာပြီ ဖြစ်ပြီး၊ ရုရှားသို့ ပြန်လည်လွှဲပြောင်းပေးမယ်လို့ တူရကီဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူးက မနေ့က ပြောလိုက်ပါတယ်။

“မနေ့က သူ့ရဲ့ ရုပ်အလောင်း နယ်စပ်ကို ဖြတ်ပြီးရောက်လာတယ်၊ တူရကီ ုတောင်းပိုင်းက အော်သိုဒေါ့ ဘုရား ကျောင်းမှာ ရုရှားထုံးစံအတိုင်း ထားရှိတယ်” လို့ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူးက ဆိုပါတယ်။

အန်ကာရာမှာရှိတဲ့ ရုရှားသံရုံးကလည်း ဒု ဗိုလ်မှူးကြီး  အိုလက် ပက်ရှ်ကော့ဗ် ရုပ်အလောင်း သယ်လာမယ်၊ နောက်မှာ ရုရှားကို ပို့ပေးလိမ့်မယ်လို့ အတည်ပြုပါတယ်။

“သူရဲကောင်း အိုလက် ပက်ရှ်ကော့ဗ် ရုပ်အလောင်း အန်ကာရာကို ရောက်မှာပါ၊ စစ်သံမှူးအတူပါရှိနေပြီး သံအမတ်နဲ့ သံရုံးဝန်ထမ်းတွေ လေယာဉ်ကွင်းမှာ ဆုံပါမယ်” လို့ သံရုံးပြောခွင့်ရ အိုင်ဂေါ မစ်ယာကော့ က ဆိုပါတယ်။

ပြီးခဲ့တဲ့တပတ် အင်္ဂါနေ့က ရုရှား ဗုံးကြဲလေယာဉ်ကို တူရကီ တိုက်လေယာဉ်က ပစ်ချလိုက်စဉ် အဲဒီလေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး အိုလက် ပက်ရှ်ကော့ဗ်ဟာ လေထီးနဲ့ ဆင်းသက် စဉ် မြေပြင်မှ ဆီးရီးယား သူပုန်တို့က သေနတ်နဲ့ ပစ်ခတ်သည့် အတွက် သေဆုံးသွားခြင်းဖြစ်ပါတယ်။

တွဲဖက်လေယာဉ်မှူး ကပ္ပတိန် ကွန်စတန်တင်ကတော့ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ကယ်တင်ခြင်း ခံခဲ့ရတဲ့အတွက် အသက်ရှင်ခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနေစဉ်မှာ တူရကီရဲ့ လုပ်ရပ်ဟာ နောက်ကျော ကို ဓားနဲ့ ထိုးတဲ့လုပ်ရပ်လို့ ပြောလိုက်ပြီး ကွယ်လွန်သွားတဲ့ ဒုတိယဗိုလ်မှူးကြီး အိုလက် ပက်ရှ်ကော့ဗ်ကို ရုရှားသမ္မတ ပူတင်က ရုရှားဖက်ဒရေးရှင်းရဲ့ သူရဲကောင်းဘွဲ့ (Hero of the Russian Federation) ချီးမြှင့်လိုက်ပါတယ်။

အခုအခါမှာတော့ ရုရှားက နှစ်နိုင်ငံ အစိုးရများအကြား ဗီဇာကင်းလွတ်ခွင့်နဲ့ ခရီးသွားလာရေး အပါအဝင် တူရကီပို့ကုန်တွေ၊ ရုရှားမှာ ရှိတဲ့ တူရကီ စီးပွားရေးလုပ် ငန်းတွေ၊ တူရကီတွေ ရုရှားထဲ လာရောက် အလုပ်လုပ် ကိုင်ခွင့်တွေ၊ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ရုရှားနိုင်ငံသားတွေ တူရကီကို သွားလည်မယ့် ခရီးစဉ်တွေကို မရောင်းဖို့၊ တူရကီစင်းလုံးငှား လေယာဉ်ပျံသန်းတွေလည်း မပျံသန်းဖို့ ပိတ်ပင်လိုက်ပါပြီ။

တူရကီသမ္မတ အာဒိုဂန်ကတော့ ရုရှားလေယာဉ်ပစ်ချလိုက်တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောလိုက်ပြီး၊ မဖြစ်ခဲ့မိရင်ကောင်းမယ်လို့ ဆိုလိုက်ပြီး၊ ရုရှားနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းချင်တယ်လို့ တူရကီဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး ပြောပါတယ်။

Loading