ပြင်သစ်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ ဒီကနေ့ မနက်မှာတော့ အကြမ်းဖက်သမား တွေရဲ့ တိုက်ခိုက်ခံလိုက်ရတဲ့ ပါရီမြို့က ဘာတာကလန် ကဇတ်ရုံကို သွားရောက်ခဲ့ပါတယ်။
သမ္မတ အိုဘားမားနဲ့အတူ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်း၊ ပါရီမြို့တော်ဝန် အန်းနီ ဟီဒယ်ဂိုးတို့ လိုက်ပါ ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင် နှင်းဆီပွင့်ကို ကဇတ်ရုံရှေ့မှာ ချထားခဲ့ပြီး နိုင်ငံရေးသမားတွေက လည်း မိနစ်တော်တော်ကြာ ငြိမ်သက်ကာ ရပ်တန့်နေခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ ၂၁ကြိမ်မြောက် ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ထိပ်သီး ညီလာခံ တက်ဖို့ ပါရီ ကိုရောက်နေတာပါ၊ သမ္မတအိုဘားမားစီးနင်းလာတဲ့ ယာဉ်တန်းဟာ မမျှော်လင်တဲ့ လမ်းကြောင်းက ဝင်လာခဲ့တာလို့ လည်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ပါရီအကြမ်းဖက်မှုမှာ ဘာတာကလန်ကဇတ်ရုံမှာ စတိတ်ရှိုးကြည့်နေတဲ့ ပရိတ်သတ်ကို အကြမ်းဖက် သမားတွေက တိုက်ခိုက်မှုကြောင့် လူပေါင်း ၉၀ သေဆုံးခဲ့ပါတယ်။