တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ မြေအောက်မီးရထား ဘူတာရုံတခုမှာ ပေါက်ကွဲ မှုတခု မနေ့ညက ဖြစ်ပွားခဲ့ရာ တဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရှိသွားတယ်လို့ ဒေသတွင်း သတင်းများက ဆိုပါတယ်။ လုံခြုံရေးတပ်ဖွဲ့များကတော့ အဆိုပါ Bayrampaşa မြေအောက် ဘူတာရုံကို ပိတ်လိုက်ပြီး လူ ဒါဇင်ပေါင်းများစွာ ကိုရွေ့ပြောင်းပေးလိုက်ပါတယ်။
ဒီပေါက်ကွဲမှုဟာ မည်သူ့လက်ချက်လို့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကလည်း မြို့တော် အန်ကာရာ မြို့လယ် ဘူတာရုံနားမှာ ဗုံးပေါက်ကွဲလို့ လူ ၃၀ သေဆုံးသွားပါတယ်။