အေးချမ်းစွာ အာဏာလွှဲပြောင်းရေး သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ တရပ်နေပြည်တော်တွင် ပြုလုပ်ရာ နောက်လာမည့် အစိုးရကို အေးချမ်းငြင်သာစွာ တာဝန်လွှဲပေးနိုင်ဖို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိဖို့၊ နိုင်ငံတော် အကြီးအကဲ တာဝန်ကို စနစ်တကျ လွှဲပြောင်းပေးအပ်ဖို့ ဆွေးနွေးတယ်လို့ သိရပါတယ်။
ဒါအပြင် သမ္မတက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အနိုင်ရမှုကို ချီးကျူးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်နိုင်ငံရေး လုပ်နိုင်အောင် သမ္မတက လိုအပ်တဲ့ ဥပဒေပြုပြင် ပြောင်းလဲရေးကိုလုပ်ခဲ့တာကို အသိအမှတ်ပြုကြောင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၅ အထိပူးပေါင်းဆောင် ရွက် ခဲ့ပြီး ရွေးကောက်ပွဲကို တရားမျှတအောင် ပြုလုပ်ပေးတာကိုလည်း ကျေးဇူးတင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။