စည်းကမ်းရှိမှုဖြင့် ဒီမိုကရေစီခေတ်ကို စတင်ပါ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အရွေးချယ်ခံ အမတ်များအား မိမိတို့ သက်ဆိုင်ရာ နယ်မြေတွင် ပြည်သူများကို ဦးဆောင်၍ အမှိုက်ကောက်ကြရန် ပြောဆိုလိုက်ပြီးနောက် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများက အလိုက်သိစွာ အမှိုက်ကောက် လှုပ်ရှားမှုများ စတင်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို အနက်ကောက်လျှင် လူ့အဖွဲ့အစည်းအတွင်း “စည်းကမ်းရှိရေး” စတင်ကြဖို့ သတင်းစကားပေးခြင်းပင် ဖြစ်သည်။

ဆယ်စုနှစ်နှင့် ချီသော အမှောင်လွှမ်းသည့် ခေတ်အတွင်း အမြင့်ဆုံး အစိုးရယူနစ်မှသည့် အနိမ့်ဆုံး မိသားစု ယူနစ်များအထိ “စည်းကမ်း” ကို အကြောင်း အမျိုးမျိုးဖြင့် လျစ်လျူရှုခဲ့ကြသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီနှင့် ထိုက်တန်သော စည်းကမ်းရှိမှု စွဲမြဲရေး အချက်ပေးလိုက်ခြင်း ဖြစ်သည်။

စည်းကမ်းသေဝပ်စွာ မဲပေးကြသော ပြည်သူများ၏ ရွေးချယ်မှုဖြင့် အောင်မြင်စွာပြီးဆုံးခဲ့သော ရွေးကောက်ပွဲရလဒ်မှနေ၍ နောက်ပြန်ကြည့်လိုက်လျှင် အစိုးရ ယန္တယားအတွင်း အကျင့်ပျက် ခြစားမှု၊ လာဘ်စားမှုများမှသည် လူ့အဖွဲ့အစည်းအတွင်း လူဦးရေထူထပ်သော မြို့ပြများ၌ နောက်ဖေးလမ်းကြား တောင်ပုံရာပုံ အမှိုက်ပုံများ၊ ကွမ်းတံတွေးများ၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုနှင့် စည်းကမ်းရှိစွာ တန်းမစီတတ်မှု စသော အကျင့်ဆိုးများ စွဲကျန်နေကြောင်းနေကို တွေ့ရမည် ဖြစ်သည်။

စည်းကမ်းရှိစွာ မဲပေးမှုမှ စတင်သော အကျင့်ကောင်းသည် အမှိုက်ကို စည်းစနစ်တကျစွန့်ပစ်မှု စသော အလေ့အကျင့်ကောင်းများမှတဆင့် အများ ကြည်ညိုလေးစားသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ပုဂ္ဂိုလ်က ပြောဆိုတိုက်တွန်းမှ မဟုတ်ဘဲ စည်းကမ်းရှိသင့် ရှိထိုက်သော ကိစ္စများ၌ ကိုယ်တိုင် အသိစိတ်ဖြင့် လုပ်ဆောင်တတ်သော့ အလေ့အထကို မွေးမြူရမည် ဖြစ်သည်။

တနည်းအားဖြင့် ပြောရလျှင် ကောက်ရိုးမီး စည်းကမ်းရှိမှု မဟုတ်ဘဲ အားထုတ်လိုက်နာသော စည်းကမ်းရှိမှု အလေ့အထ ထွန်းကားရေး ဖြစ်ပါသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ဗိုလ်ချုပ် အောင်ဆန်း မကျဆုံးမီ ၆ ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်မြို့တော်တွင် ပြောသော မိန့်ခွန်း၌ “လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေး ဆိုတာ ဖြစ်နိုင်တယ်” ဟု မိန့်မှာခဲ့ဖူးသည်။

ယခုလည်း ရွေးကောက်ပွဲရလဒ်ဖြင့် ပြည်သူက ရွေးချယ်လိုက်သော စစ်မှန်သည့် ဒီမိုကရေစီခေတ် အကူးအပြောင်းတွင် ပြည်သူလူထု ပူးပေါင်းပါဝင်သော စည်းကမ်းရှိမှုဖြင့်သာ ဒီမိုကရေစီလည်း ဖြစ်ထွန်းနိုင်မည်ဟု တိုက်တွန်းလိုက်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading