သတင်းတို

IS ကို ဗြိတိန်လည်း တိုက်ခိုက်တော့မယ်

This article has been converted from Zawgyi One to Unicode

1030853431ဆီးရီးယား နိုင်ငံထဲမှာ ရှိတဲ့ IS တွေကို ဗြိတိန်နိုင်ငံကပါ လေကြောင်းက ဗုံးကြဲတိုက်ခိုက် ဖို ဗြိတိသျှပါလီမန် မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၇ ၊ ကန်ကွက်မဲ ၂၂၃ နဲ့ ခွင့်ပြုလိုက်ပါတယ်။ အတိုက်အခံ လေဘာပါတီက အမတ်တချို့ကပါ IS ကိုတိုက်ခိုက်သင့်တယ်လို့ ယူဆပြီး မဲပေးကြတာဖြစ်ပါတယ်။

IS တို့အပေါ် ရုရှားနိုင်ငံ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေချိန်မှာပဲ ပြင်သစ်နိုင်ငံက ပါရီမြို့မှာ IS တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပိုမိုပါဝင်လာသလို အမေရိကန်ကလည်း ပိုမိုတိုက်ခိုက်လာပါတယ်။ အခုအခါမှာ တော့ အင်္ဂလန်ကပါ ပါဝင်လာခြင်းဖြစ်ပါတယ်။

Loading