သတင်းတို
အမေရိကန်နိုင်ငံ ဆန်ဘာနာဒီနို မြို့မှာ ပစ်ခတ်မှုဖြစ် ၁၄ ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် လေ့ာစ်အိန်ဂျယ်လိစ်မြို့ အရှေ့ဘက်က ဆန်ဘာနာဒီနိုမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၄ ဦးသေဆုံးပြီး ၁၇ဦးဒဏ်ရာရတယ်လို့ သတင်းတွေက ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ဟာ ပိုမိုလာနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ဝတ်စုံတွေ ဝတ်ထားတဲ့ သေနတ်သမားတွေက ဆန်ဘာနာဒီနို မြို့ လူမှုဖူလုံ ရေးဌာနက ခန်းမကို ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ပါတယ်။ ပစ်ခတ်မှုကို ကျူးလွန် ၃ ဦးဟာ ရိုင်ဖယ်သေနတ်တွေနဲ့ ထွက်ပြေးသွားတယ်လို့ သိရပြီး ယခုအခါမှာတော့ ပစ်ခတ်သူလို့ ယူဆသူတွေကို ရဲက ပစ်သတ်နိုင်ပြီလို့ BBC သတင်းမှာဖော်ပြထားပါတယ်။