ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်း၌ နေထိုင်သော ဇနီးမောင်နှံ နှစ်ဦးသည် ပိုးသတ်ဆေးသောက်၍ သေ ကြောင်း ကြံစည်သွားကြောင်း သိရသည်။
သေဆုံးသူများသည် အသက် ၂၀ အရွယ်ရှိ ကိုစောမောင်ညွန့်ဆိုသူနှင့်၎င်း၏ ဇနီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မနော် အုံးမြင့်ဆိုသူတို့ဖြစ်ကြောင်း၊ မနော်အုံးမြင့်သည် သေဆုံးချိန်တွင် ကိုယ်ဝန်ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့သည် ပန်းပင်များ ပက်ဖြန်းသည့် ပိုးသတ်ဆေးကို သောက်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ကရင်သတင်းဌာန (KIC ) ၌ ဖော်ပြ ထားသည်။
မယ်လစခန်း၌ မိမိကိုယ်ကို သတ်သေမှုနှုန်း မြင့်မားလာကြောင်း၊ ယင်းသို့များပြားလာခြင်းသည် မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာ၍ ဖြစ်ကြောင်း၊၂၀၁၅ ခုနှစ် တခုတည်းတွင် သတ်သေသူ ၁၃ ဦး အထိရှိပြီ ဖြစ်ကြောင်း စခန်းတာဝန်ရှိ သူများ အား ကိုးကား၍ KIC သတင်း၌ ဖော်ပြထားသည်။
မယ်လစခန်းသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခု အနက် အကြီးဆုံး စခန်းတခုဖြစ်ပြီး၊ ရပ်ကွက် ၂၀ ကျော် ရှိကာ လူဦးရေ ၄ သောင်းကျော် ရှိသည်။