ရုရှားသမ္မတ ပူတင်က IS တို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ ထွက်ရှိသည့် ရေနံများနှင့် ပတ်သက်၍ မည်သည်သူမည်ဝါများ အကျိုးအမြတ်ရနေသည်ကို ရုရှားတို့ အနေနဲ့ သိထားကြောင်း ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။
IS ထံမှ ရေနံမှောင်ခိုပြုလုပ်ကာ တူရကီမှာ မည်သူတွေ အကျိုးအမြတ်ရနေတယ်ဆိုတာကို ရုရှားက သိထား တယ်၊ ဒီရေနံမှောင်ခိုမှုမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ သူ့မိသားစုတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာလည်း အာရပ်ကမ္ဘာမှာ သိကြတယ်လို့လည်း ရုရှားလက်ထောက် ကာကွယ်ရေးဝန်ကြီး အနာတိုလီ အင်တိုနော့ဗ်က လည်း ဆိုပါတယ်။
ဒါအပြင် ဘယ်သူတွေက လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် လူသူစုဆောင်းပေးသလဲဆိုတာကိုလည်း မေးခွန်း ထုတ်လိုက်ပါတယ်။
တူရကီသမ္မတ အာဒိုဂန်ကတော့ ဒီပြောဆိုချက်တွေဟာ သူ့အပေါ် မကောင်းပြောဆိုတဲ့ စွပ်စွဲချက်တွေလို့ ုတုံ့ ပြန်ထားပါတယ်။
ရုရှားကလည်း တူရကီတွေ ရေနံမှောင်ခို ထုတ်နေတဲ့ ပုံတွေကို ထုတ်ပြန်ထားပါတယ်။