ဘန်ကောက်ဗုံးကွဲမှု သံသယရှိသူ တူရကီအာဏာပိုင်တို့ ဖမ်းဆီး
This article has been converted from Zawgyi One to Unicode
ဘန်ကောက်မြို့လည် ဧရာဝဏ် နတ်ကွန်းနှင့် ဆထုန်တံတား ဗုံးပေါက်ကွဲမှုတွင် ပါဝင် ပတ်သက်သည့်ဟု သံသယဖြစ်ခြင်းခံရသူ Emrah Davutoglu ကို တူရကီအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းတွင် ရေးသားထားသည်။
အဆိုပါ တူရကီ အမျိုးသား Emrah Davutoglu သည် ထိုင်းနိုင်ငံတွင် နေထိုင်ကာ ဗုံးဖောက် ခွဲရာတွင် အသုံး ပြုမည့် ပြည်ပမှ လွှဲသည့်ငွေကြေးများကို လက်ခံရယူခဲ့သူဖြစ်ပြီး၊ သူ့၏ ဇနီးဖြစ်သည် ထိုင်းအမျိုးသမီး ဝနာဆုန်ဆန်သည်လည်း ဘန်ကောက်မြို့ မင်ဘူရီအရပ်ရှိ Maimuna Garden အိမ်ရာတွင် အိမ်ခန်းငှားရမ်းကာ ဖောက်ခွဲရေးပစ္စည်းများကို လက်ခံထား ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားသူဖြစ်သည်။
၎င်းတို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး တူရကီ အာဏာပိုင်မျာက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။
ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကတော့ အဆိုပါ လင်မယား ဖမ်းဆီးခံရသည်ဆိုသည့် သတင်းနှင့် ပတ် သက်၍ တရားဝင်ရရှိခြင်းမရှိဟု ဆိုလိုက်ပြီး၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကလည်း အကယ်၍သာ ၎င်းလင်းမယား အဖမ်းခံရပါက သူတို့အနေဖြင့် တူရကီမှ သတင်းပို့မည်ဖြစ်ကြောင်း ဆိုသည်။
ယခုအခါ ဗုံးခွဲရာတွင် ပါဝင်သည့် တရားခံများဟု စွပ်စွဲခံထားရသည့် တရုတ်နိုင်ငံသား ယူဆူဖူ မိုင်ရိုင်လီနှင့် တူရကီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အဒမ် ကရာဒက်ချ် ဆိုသူကို ရုံးထုတ်နေပြီဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့လည် ဧရာဝဏ် နတ်ကွန်း အနီး ဗုံးပေါက် ကွဲမှုတွင် ကမ္ဘာလှည့်ခရီးသွားများအပါအဝင် လူ ၂၀ သေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရခဲ့သည်။