သတင်းတို
IS ကို ဗြိတိန်တိုက်ခိုက်မှု ရုရှားကြိုဆို
This article has been converted from Zawgyi One to Unicode
ဆီးရီးယားရှိ IS တို့ အပေါ် ဗြိတိန်ရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရုရှားက ကြိုဆိုတယ်လို့ ကရင်မလင်ရှိ ပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်က ဆိုလိုက်ပါတယ်။“ဒီတိုက်ခိုက်မှုဟာ စုပေါင်းထားတဲ့ IS ဆန့်ကျင်ရေး တိုက်ခိုက်မှုလို့ ယုံကြည်ပြီး IS ကိုတိုက်ခိုက်ဖို့ ညွန်ပေါင်းအဖွဲ့ ဖွဲရေး အတွက် တံခါးဖွင့်ထားတယ်”လို့ သူကဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆီးရီးယားမှာ ရှိတဲ့ IS ကိုတိုက်ခိုက်ဖို့ ဗြိတိန်ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ
ထောက်ခံမဲ ၃၉၇ ၊ ကန်ကွက်မဲ ၂၂၃ နဲ့ အတည်ပြုခဲ့ပါတယ်။
အခုအခါမှာ ဂျာမနီကလည်း IS ကို တိုက်ခိုက်ဖို့ ပါလီမန်မှာ အကြိတ်အနယ်ဆွေးနွေးနေပါတယ်။
ISကို ရုရှားတနိုင်ငံထဲက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေရာမှ ယခုအခါ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်တို့ ပါဝင်လာပြီဖြစ်ပါတယ်။