• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ၂၀၁၆ တွင် စတင်မည်

by ခင်ဦးသာ
4 December 2015
in သတင်း
A A
ရခိုင်ပြည်နယ်, အထူး စီးပွားရေးဇုန် , ကျောက်ဖြူ

ကျောက်ဖြူ မြို့အဝင် ဆိုင်းဘုတ်(ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)

1.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်မည့် နယ်မြေဧရိယာကို သတ်မှတ်ထားပြီးဖြစ်၍ ဇုန်တွင် ပါဝင်မည့် စီမံကိန်း တချို့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ရထား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမြင့်သိန်း က ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
49
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
127
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
99

ကျောက်ဖြူ စီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်း အမှတ် (၁)၊ (၂) နှင့် စက်ရုံများ တည်ဆောက်မည့် စီမံကိန်း၊ လူနေထိုင်ရန် အဆင့်မြင့် အိမ်ရာ စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

ထိုစီမံကိန်းများအတွက် မြေဧက ၄၂၀၀ ကျော် သတ်မှတ်ထားသော်လည်း စက်မှုဇုန်အတွက် ဧက ၂၅၀ ကိုသာ အသုံးပြုမည်ဖြစ်ပြီး ကျန်မြေများသည် နောင်နှစ်ပေါင်း ၂၀၊ ၃၀ ကာလများတွင် တိုးချဲ့ဆောင်ရွက်သွားမည့် ဧရိယာများ ဖြစ်ကြောင်း ဦးမြင့်သိန်း က ဆိုသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းနှင့်ဆက်စပ်၍ ရမ်းဗြဲမြို့နယ်အား စိုက်ပျိုးရေး လုပ်ငန်းများ တည်ဆောက်မည့်ဇုန် နှင့် မာန်အောင် မြို့နယ်အား သဘဝကို အခြေခံသော ခရီးသွားလုပ်ငန်းများအတွက် အခြေခံတည်ဆောက်မည့်ဇုန်များ အဖြစ် ထည့်သွင်း ရေးဆွဲထားကြောင်းလည်း ဦးမြင့်သိန်း က လွှတ်တော်၌ တင်ပြခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည် ဖော်ဆောင်မည်ဟု အစိုးရက ဆိုသော်လည်း ဒေသခံ ပြည်သူများအား စီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးမှု လုပ်ဆောင်ခြင်း မရှိသေးကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။

ကျောက်ဖြူမြို့နယ်၌ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ စီမံကိန်းများနှင့်ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံပြည်သူ များနှင့် လူမှု အဖွဲ့အစည်းများ အကြား ဝေဖန်မှုများလည်း ရှိနေသည်။

ထို့အတူ လွှတ်တော်၌ ကျောက်ဖြူ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ရာတွင်လည်း စနစ်တကျ မည်သို့ဆောင်ရွက်သွားမည်၊ မည်သည့် ကုမ္ပဏီများနှင့် တည်ဆောက်သွားမည်ဆိုသည့် အချက်အလက်များကို အသေးစိတ် ပြောဆိုမှုများ မရှိကြောင်း၊ အစိုးရ အနေဖြင့်စီမံကိန်းနှင့်ပတ်သက်၍ ပွင်းလင်း မြင်သာမှု၊ ရိုးသားမှုရှိရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ က ဧရာဝတီ ကို ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ဒီစီမံကိန်းဟာ လုပ်သင့်တာမှန်ပေမယ့် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်၊ အခုဟာက ဒေသရဲ့ အကျိုးစီးပွားထက် တစုံတဦးရဲ့ အကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့် ပေးထားခဲ့ချင်ပုံ ရတယ်လို့ပဲ မြင် တယ်”ဟု ပြောဆိုသည်။

ဒု ဝန်ကြီးဦးမြင့်သိန်းသည် ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်၌ တင်ပြသွားသော်လည်း အသေးစိတ်ရှင်းလင်း ပြောဆိုမှုမရှိကြောင်း၊ ထိုစီမံကိန်းသည် တည်ဆောက်ရန် ရည်ရွယ်ထားပြီး ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သင့်ကြောင်း၊ သို့သော် ရိုးသားမှု ရှိရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညာအောင်မိုး ကလည်း ပြောသည်။

ဒု ဝန်ကြီး ဦးမြင့်သိန်းကမူ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းအတွက် စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတခုအား အကြံပေး အဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ငှားရမ်းဆောင်ရွက်နေကြောင်း၊ စီမံကိန်းအတွက် ကျေးရွာများ ပြောင်းရွှေ့မှုကိုလည်း ရှောင် ကွင်းနိုင်ခဲ့ကြောင်း လွှတ်တော်၌ တင်ပြသွားသည်။

ထို့အတူ နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေများအတိုင်း ဆောင်ရွက်နေပြီး ပြည်သူလူထု၏ သဘောထားကို အခြေခံသည့် နည်းလမ်းများ၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့ပေါင်းစုံနှင့် ဆွေးနွေးတိုင်ပင်သည့် နည်းလမ်း၊ ပွင့်လင်း မြင်သာသည့်နည်းလမ်း၊ တာဝန် ယူမှု၊ တာဝန်ခံနိုင်သည့် နည်းလမ်းများဖြင့်ပါ စနစ်တကျ အကောင်အထည် ဖော်ဆောင်နေကြောင်းလည်း ပြောဆိုသွားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများကို လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေး၍ အတည်ပြုနိုင်ဖွယ် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း စီမံကိန်းများသည် တည်ဆောက်ပြီးပါက ကုန် တန်ချိန် သိန်းချီ၍ တင်နိုင်သည့် နိုင်ငံတကာ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။

ရခိုင် နိုင်ငံရေး အသိုင်းအဝိုင်းနှင့် လူမှုရေး အသိုင်းအဝိုင်းကမူ ထိုစီမံကိန်းနှင့်ပတ်သက်၍ လက်ရှိအစိုးရ လက်ထက်တွင် မလုပ် ဆောင်တော့ဘဲ လာမည့် အစိုးရသစ် လက်ထက်မှသာ အကောင်အထည်ဖော်ရန် လိုလားကြောင်း ပြောဆိုကြသည်။

စီမံကိန်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်ရာတွင်လည်း ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်ကို လျှော့ချ၍ ပြည်နယ် အစိုးရက တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်ပြီး စီမံခန့်ခွဲပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များရရှိရန်လည်း လိုလားနေကြသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူ-ယူနန်ပြည်နယ် ဆက်သွယ်ထားသည့် သဘာဝဓတ်ငွေ့ ပိုက်လိုင်းစီ မံကိန်း၊ ရေနံပိုက်လိုင်း စီမံကိန်းများနှင့်အတူ တည်ဆောက်ရန် စာချုပ် ချုပ်ဆိုထားသည့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း၊ ကားလမ်း စီမံကိန်း များမှာမူ စာချုပ် သက်တမ်းကျော်သွားပြီ ဖြစ်၍ ထိုစီမံကိန်းများသည်လည်း ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း မြန်မာအစိုးရ က ယခုနှစ်အတွင်း ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: Business
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
369

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
တောင်သမန်, လူထုဒေါ်အမာ

တောင်သမန်က သမိုင်းဝင်နေ့တနေ့

ဂျာမနီလည်း IS ကို တိုက်ခိုက်မယ်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate