အစိုးရသစ်ဖွဲ့စည်းရေးနှင့် တာဝန်လွှဲပြောင်းရေး ဖြစ်စဉ်ကို ညင်သာချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေဟု သမ္မတ ဦးသိန်းစိန်က သူ၏ လစဉ်ပြောမိန့်ခွန်းတွင် ယနေ့ ပြောလိုက်သည်။
“အစိုးရသစ်ဖွဲ့စည်းရေးနှင့် တာဝန်လွှဲပြောင်းရေးဖြစ်စဉ်အတွက် စိုးရိမ်ပူပန်မှုများရှိသည်ကိုလည်း ကြားသိရ ကြောင်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို လျှောက်လှမ်းနေဆဲနိုင်ငံများတွင် ယခုကဲ့သို့စိုးရိမ် ပူပန်မှုများ ပေါ်ပေါက် တတ်ခြင်းသည် သဘာဝကျသည့်ကိစ္စဖြစ်ကြောင်း၊ အစိုးရအပြောင်းအလဲဖြစ်စဉ် အောင်မြင်ချော မွေ့စေ ရန် အစိုးရအဖွဲ့ အစည်း အားလုံးနှင့် ဝန်ထမ်းအားလုံးကို လိုအပ်သည့် ညွှန်ကြားချက်များပေးပြီး အစီအမံများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွန်တော့်အနေဖြင့် ဤဖြစ်စဉ်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ပြီးယခုကဲ့သို့ အချိန်ကာလမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှုရှိရန် အထူးအရေးကြီး သည့်အတွက် နိုင်ငံရေးအင်အားစုများ အားလုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း” ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ရက်နေ့က သမ္မတ ဦးသိန်းစိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် အနိုင်ရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီးဖြစ်သည်။