ဆော်ဒီအာရေဗျ နိုင်ငံအနေနဲ့ ကမ္ဘာတဝှမ်းက ဘာသာရေးအယူပြင်းထန်တဲ့ ဗလီတွေကို ထောက်ပံနေတာ ရပ် တန့်ဖို့ ဂျာမနီ ဒုဝန်ကြီးချုပ် Sigmar Gabriel ကပြောဆိုလိုက်ပါတယ်။
မနေ့ Bild am Sonntag သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဂျာမနီ ဒုဝန်ကြီးချုပ်က “အယူစွဲ ပြင်းထန်တဲ့ ဝါဟာဘီ ဝါဒကို လက်ကိုင်ထားတဲ့ ကမ္ဘာတလွှားက ဗလီတွေကို ဆော်ဒီက ငွေထောက်ပံနေတယ်၊ ဂျာမနီမှာ အစွန်းရောက်ဝါဒီအများအပြားဟာ ဒီလိုဟောပြောမှုတွေက ထွက်လာာတာဖြစ်တယ်လို့” ဆိုလိုက်ပါတယ်။
“ဒီအချိန်မှာ ကျနော်တို့ ဆော်ဒီကို ပြတ်ပြတ်သားသား ပြောရမယ်” လို့လည်း ထပ်လောင်ပြောလိုက်ပါတယ်။
ဂျာမနီရှိ ဆော်ဒီအာရေဗျသံရုံးကတော့ လူငယ်တွေကို အစွန်းရောက်ဝါဒထဲ သိမ်းသွင်းခံရတဲ့ ကိစ္စကို ပြတ်ပြတ် သားသားကိုင်တွင်မယ်လို့ တုံ့ပြန်ပါတယ်။
ဆော်ဒီအစိုးရဟာ ဘာသာရေးပြင်းထန်တဲ့ ဗလီတွေကို ထောက်ပံပေးနေရုံသာမက ဥရောပကို ရိုက်ခတ်လာတဲ့ ဆီးရီးယား ဒုက္ခသည်အရေးမှာလည်း ဒုက္ခသည်တွေကို လက်ခံဖို့ ငြင်းဆန်ခဲ့သော်လည်း ဗလီဆောက်ဖို့ ငွေကြေး ထောက်ပံမယ်ဆိုတဲ့အတွက်လည်း ဝေဖန်ပြစ်တင်စရာဖြစ်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အစ္စလာမ်ဘာသာရေးအစွန်းရောက်တို့ခေါင်းထောင်နေရာမှာ တူရကီနိုင်ငံအနေနဲ့ISရေနံကို ဝယ်ယူတယ်လို့ စွပ်စွဲခံထားရပါတယ်။