အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်ရုံးခန်း Oval Office ကနေ ကယ်လီဖိုးနီးယား ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ မိန့်ခွန်းပြောကြားရမှာ “အမေရိကန် ပြည်သူ တွေ လုံခြုံရေးအတွက် ထိန်းသိမ်းစောင့်ရှောက်နေတယ်လို”ပြောလိုက်ပြီး အကြမ်းသမားတွေကိုချေမှုန်းမယ်လို့ ဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတတွေအနေနဲ့ တိုင်းပြည်မှာ အရေးကြီးအခြေအနေဖြစ်လာမှသာ Oval Office လိုနေ ရာက ပြောကြားလေ့ရှိပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က လူပေါင်း ၁၄ဦးသေဆုံးခဲ့တဲ့ ကယ်လီဖိုးနီးယာား ပြည်နယ် ဆန်ဘာနာဒီနို မြို့ ပစ်ခတ်မှု အပြီးမှာ အခုလို ပြောကြားခြင်းဖြစ်ပါတယ်။
မိန့်ခွန်းထဲမှာတော့ ဆန်ဘာနာဒီနို ပစ်ခတ်ဟာ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်နေသလား ဆိုတာကို FBI အနေနဲ့ သက်သေအထောက်အထား စုဆောင်းနေဆဲဖြစ်ပြီး၊ ပစ်ခတ်သူ လင်မယားဟာ ပြည်ပက အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်စပ်နေသလား၊ နိုင်ငံထဲကပဲ ပူးပေါင်းကြံစည်တာလားဆိုတာကို ရှင်းရှင်းလင်း လင်းမသိသေးဘူးလို့ ဆိုပါတယ်။
အမေရိကန်ပြည်သူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ဒါကို ကျနော်တို့ ကျော်လွှားနိုင်မှာပါ၊ ISနဲ့ တခြားအဖွဲ့တွေဟာ ကျနော်တို့ကို အန္တရာယ်ပြုနေတယ် ကျနော်တို့ IS ကို ရုရှား အမေရိကန်အပါအဝင် နိုင်ငံတော်တော်များ ပူးပေါင်း ချေမှုန်းမယ်၊ အမေရိကန်စစ်တပ်အနေနဲ့ အကြမ်းဖက် အဖွဲ့တွေကို လိုက်လံချေမှုန်းမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကယ်လီဖိုးနီးယားပစ်ခတ်မှုမှာ ပါဝင်သူ အမျိုးသမီး အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားကိုလည်း ပြန်လည်သုံးသပ်ဖို့ ပြောလိုက်ပြီး အကြမ်းဖက်မှု စောင့်ကြည့်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ သူတွေ သေနတ်မဝယ်နိုင်အောင် လုပ်ဆောင်ဖို့ လွှတ်တော်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။