နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ၂၁၀၅ ခုနှစ်ဟာ သွေးလွန်တုတ်ကွေးရောဂါ ဆိုးရွားစွာ ဖြစ်ပွားတဲ့ နှစ်တနှစ်ဖြစ် တယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ယခုနှစ်စမှ စတင်ကာ နိုဝင်ဘာလအထိ ရောဂါဖြစ်ပွားမှု ၁၂၃၁၆၈ ရှိခဲ့ပြီး သေဆုံးသူမှာ ၁၁၆ဦးအထိ ရှိတယ် လို့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေး အစီအစဉ်က ထုတ်ပြန်တဲ့ ကိန်းဂဏ္ဍန်များအရသိရ ပါတယ်။
ဒီလို အသေအပျောက်များတာနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူ့ကျန်းမာရေးဌာန လက်ထောက် အထွေထွေ ဒါရိုက်တာ Sophon Mekthon က “ပြီးခဲ့တဲ့နှစ်တွေထက်များတယ်ဆိုပေမယ့် အထိပ်တလန့်ဖြစ်စရာတော့ မရှိပါဘူး” လို့ဆိုပါတယ်။
သွေးလွန်တုတ်ကွေးရောဂါကို WHO အပါအဝင် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့တွေက ကမ္ဘာမှာ ကူးစက်ဖို့ အလွယ်ဆုံး အပူပိုင်းဒေသရောဂါလို့ သတ်မှတ်ထားပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာထဲကပဲ တကမ္ဘာလုံးမှာ သွေးလွန် တုတ်ကွေးဖြစ်ပွားမှု မြင့်တက်နေပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ကပ်ရောဂါတခုလို မြင့်တက်နေတယ်လို့ သတိပေးခဲ့ပါတယ်။