သတင်း

တရားစီရင်ရေးတွင် အဂတိလိုက်စားမှုများ များပြားနေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရားစီရင်ရေးအပိုင်းတွင် အဂတိတရားများ လွှမ်းခြုံလျက်ပင်ရှိနေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၏ ဒုတိယအကြိမ်မြောက် အစီရင်ခံစာကို ဒီဇင်ဘာ ၈ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းတင်ပြရာ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာတွင် တရားသူကြီးအဆင့်ဆင့်သည် အထက် တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာ၌ အပေးအယူကိစ္စများတွင် ကွင်းဆက်များရှိသည်ကို တွေ့ရသည့်နည်းတူ ဥပဒေဝန်ထမ်း အဆင့်ဆင့်၌လည်း ကြီးကြပ်သူအဆင့်ဆင့် ဝန်ထမ်းများသည် ယေဘုယျအားဖြင့် ကွင်းဆက်ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း တင်ပြထားသည်။

နိုင်ငံတော်အကြီးအကဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သော အခွင့်အရေးများအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်နယ်တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်များ၏ ထောက်ခံချက် အသီးသီးဖြင့် တာဝန်ထမ်း ဆောင်ရွက်ခွင့်ရကြသော တရားသူကြီးများသည် တရားသူကြီးချုပ်များ၏ လွှမ်းမိုးမှုမှ လွတ်ကင်းနိုင်မည်မဟုတ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း ယင်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက တင်ပြခဲ့သည်။

“နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ တာဝန်သိမီဒီယာတွေရဲ့ ထောက်ပြဝေဖန်မှုကြောင့် တရားစီရင်ရေးလောက ပိုမိုသန့်ရှင်းလာရမှာ ဖြစ်ပေမယ့် တိုးတက်မှုနှုန်းဟာ များစွာနှေးကွေးလျက်ပင် ရှိပါတယ်” ဟု ဦးတင်ထွေးက ပြောသည်။

တရားမမှုများတွင် အသေးအဖွဲ့ငွေကြေးကစ၍ ကျပ်သိန်း ၁၀၀ အထက် ငွေချေးမှုများနှင့် ဟန်ဆောင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုသည့် အမှုများကို အများဆုံးတွေ့ရှိရပြီး ပိုင်ဆိုင်မှု၊ အငြင်းပွားမှု၊ မတရားဖယ်ရှားမှု၊ စာချုပ်အတု ပြုလုပ်မှုများ များပြားလျက်ရှိရာ ယင်းအမှုများတွင် မှတ်ပုံတင်ရုံးများ၏ မသမာမှုများ၊ အဂတိ လိုက်စားမှုများ ရှိနေကြောင်း သိရသည်။

တရားစီရင်ရေးဆိုရာတွင် တရားသူကြီးများနှင့်သာ လုံး၀ သက်ဆိုင်သည် မဟုတ်ဘဲ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များ၊ တရားစွဲ အဖွဲ့အစည်းများ၊ တရားရုံးဝန်ထမ်းများနှင့် ဆင့်စာလုလင်အထိ ပါဝင်ပတ်သက်လျှက်ရှိရာ ယင်းတို့၏ အဂတိတရားကင်းရှင်းမှု အထူးလိုအပ်နေကြောင်း၊ ယင်းတို့၏ အဂတိလိုက်စားမှုကို ထင်သာမြင်သာအောင် ဖော်ထုတ် နိုင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်သော်လည်း တရားစီရင်မှုအပေါ် မကျေနပ်၍ တိုင်တန်းလာသော တိုင်ကြားစာများတွင် စိစစ်တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်ကို ခန့်အပ်ခြင်း၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများခန့်အပ်ခြင်း လုပ်ပိုင်ခွင့်ကို ပြဋ္ဌာန်းထားသည်။

ယင်းသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အာဏာအရ ခန့်အပ်၍ တရားရုံးများ၏ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုသည် ဆိုသော်လည်း ယင်းပြဋ္ဌာန်းချက်ကြောင့် ဘက်လိုက်သည့်သွင်ပြင် ဖြစ်ပေါ်စေပြီး အုပ်ချုပ်မှုအပိုင်းက တရားစီရင် ရေးလွတ်လပ်ခွင့်ကို လွှမ်းမိုးနေကြောင်း ဦးတင်ထွေးက ရှင်းလင်းတင်ပြသည်။

“ဥပဒေပညာကို မျက်ကွယ်ပြု၍ အမှုသည် အနိုင်အရှုံးကိုသာ စိတ်ဝင်စားပြီး အမှုပွဲစားတွေ လုပ်နေမယ်ဆိုရင် တရားစီရင်ရေး ကဏ္ဍဟာ ပို၍သာ ဆိုးဝါးသွားနိုင်ပြီး တရားဥပဒေ စိုးမိုးရေးဆိုတာမှာလည်း ဝေးကွာနေဦးမှာကို သတိထား ဆင်ခြင်သင့်ပါတယ်” ဟု ယင်းက ပြောသည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် ပါတီစုံမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ သြဂုတ် ၇ ရက်မှ စတင်၍ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မတီအနေဖြင့် ၁.၇.၂၀၁၂ ရက်မှ ၁၈.၁၁.၂၀၁၅ ရက်ထိ ဒေသအသီးသီးမှ ရောက်ရှိလာသည့် တိုင်စာအမှုတွဲ စုစုပေါင်း ၁၂၃၆၀ အနက် လွှဲပြောင်းပေးပို့သော အမှုတွဲ ၁၄၈၅ တွဲကို သက်ဆိုင်ရာ တရားလွှတ်တော်များနှင့် ဌာန အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ရာ ပြည်နယ်/တိုင်းဒေသကြီး တရားလွှတ်တော် အသီးသီး၏ ပြန်ကြားစာ စုစုပေါင်း ၁၀၇၁ စောင် လက်ခံရရှိခဲ့ပြီး သက်ဆိုင်ရာများမှ ပြန်ကြားရန်ကျန်ရှိသော လွှဲပြောင်းစာများကို ကော်မတီသို့ အမြန်ပြန်ကြားနိုင်ရေးအတွက် ဆက်လက် aဆာင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက တိုင်ကြားစာများမှာ တရားရုံး အဆင့်ဆင့်ရှိ ဆောင်ရွက်ချက်များအပေါ် မကျေနပ်သဖြင့် တိုင်ကြားသောစာများက ပိုမိုများပြားလာကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading